သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ဖလား ကွာတားဖိုင်နယ် အင်္ဂလန် ရံှုး၊ အသင်မန်နေဂျာ နှုတ်ထွက်


Iceland အသင်းက England ဘက်ကို ဂိုးသွင်းယူနေစဉ်။ (AP Photo/Ariel Schalit)
Iceland အသင်းက England ဘက်ကို ဂိုးသွင်းယူနေစဉ်။ (AP Photo/Ariel Schalit)

၂၀၁၆ ဥရောပဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွေကို ပြင်သစ်နိုင်ငံမှာ တနင်္လာနေ့က ဆက်ပြီး ကျင်းပခဲ့ရာမှာ လက်ရှိ ဥရောပချန်ပီယံ စပိန်အသင်းကို အီတလီအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားပြီး ကွာတားဖိုင်နယ်ကို တက်သွားပါပြီ။

ပြီးခဲ့တဲ့ ဥရောပဖလားပွဲတွေမှာ ၂ ကြိမ် ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့တဲ့ စပိန်အသင်း၊ အခု ၂၀၁၆ မှာလဲ တတိယ ဆက်တိုက် ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်တွေ အဆုံးသတ် သွားခဲ့ရပါတယ်။

စပိန်ကိုနိုင်သွားတဲ့ အီတလီအသင်းက July လ ၂ ရက်နေ့ ကျရင် ဂျာမနီအသင်းနဲ့ ကွာတားဖိုင်နယ်မှာ ကစားရမှာဖြစ်ပါတယ်။ တနင်္လာနေ့မှာပဲ ပြင်သစ်တောင်ပိုင်း Nice မြို့မှာကစားတဲ့ ရှုံးထွက်ပွဲတွေမှာတော့ အင်္ဂလန်အသင်းက Iceland အသင်းကို ၁ ဂိုး ၂ ဂိုးနဲ့ ရှုံးပြီး ထွက်သွားရပါပြီ။

အင်္ဂလန်အသင်းအတွက် Wyne Rooney က ပထမပိုင်း ၄ မိနစ်မှာ Penalty ကန်ပြီး ၁ ဂိုး သွင်းခဲ့ပေမဲ့ ၁ မိနစ်အတွင်းမှာပဲ Iceland အသင်း က ခြေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ၁၈ မိနစ်အကြာမှာ Iceland ဖက်က နောက်ထပ်ဂိုး ထပ်သွင်းပြီး ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။ ကွာတား တက်သွားတဲ့ Iceland အသင်းက July လ ၃ ရက်နေ့မှာ ပြင်သစ် အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်း ကွာတားတောင် မတက်ဘဲ ရှုံးထွက်ခဲ့ရပြီးနောက် အင်္ဂလန် အသင်းမန်နေဂျာ Roy Hodgson ဟာ မန်နေဂျာအဖြစ် ကနေ နှုတ်ထွက်သွားခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG