သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအပေါ် ဒဏ်ခတ်မှု ပြန်လည်သုံးသပ်ရေး ICG တိုက်တွန်း


စစ်အစိုးရအပေါ် ဒဏ်ခတ်မှု ပြန်လည်သုံးသပ်ရေး ICG တိုက်တွန်း
စစ်အစိုးရအပေါ် ဒဏ်ခတ်မှု ပြန်လည်သုံးသပ်ရေး ICG တိုက်တွန်း

မြန်မာနိုင်ငံက ရွေးကောက်ပွဲ အပြီးကာလ အခင်းအကျင်းကို သုံးသပ်ထားတဲ့ အစီရင်ခံစာသစ် တခုထဲမှာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားသင့်တယ်လို့ ပြောထားပါတယ်။

နိုင်ငံတကာက ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ အနောက်နိုင်ငံတွေ အနေနဲ့ မထိရောက်တဲ့ ပိတ်ဆို့ အရေးယူမှုဆိုင်ရာ မူဝါဒတွေကို ဖယ်ရှားသင့်ပြီလို့ ဆိုထားပါတယ်။

ပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ ပြည်သူလူထုအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိသလို တွေ့ဆုံဆွေးနွေးမှုတွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေ အတွက်လည်း အလားအလာကောင်းတွေ မရှိစေဘူးလို့ ICG က ပြောပါတယ်။ ရွေးကောက်ပွဲ ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်မလာဘူးလို့ ပြောရင်လည်း မှားပါတယ်လို့ ဆိုပါတယ်။

တတ်သိပညာရှင်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အစိုးရသစ်ကနေ ရေတိုကာလအတွင်း ရုတ်တရက် အပြောင်းအလဲတွေ ဖြစ်လာမှာ မဟုတ်ပေမဲ့ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တဲ့ အလားအလာကို မြင်ရပါတယ်လို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) ရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ လုပ်ထားတဲ့ မူဝါဒကို ဧပြီလကုန်မှာ ပြန်လည်သုံးသပ်ဖို့ ရှိနေချိန် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ အခြေစိုက်တဲ့ ICG က အခုလို အစီရင်ခံစာသစ် ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဂျာမဏီ၊ အီတလီ အပါအဝင် EU နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ဖို့ လိုလားနေတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က ပြောပါတယ်။

EU က တောင်းဆိုထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာစစ်အစိုးရက မဆောင်ရွက်တဲ့အတွက် ပိတ်ဆို့မှုတွေကို ဆက်ပြီးတော့ ထားသင့်တယ်လို့ Burma Campaign UK အဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်ထဲကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ ပြည်သူလူထု အများစုအပေါ် သက်ရောက်မှု မရှိတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို မဖယ်ရှားသင့်သေးဘူးလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း မကြာခင်ကပဲ သဘောထား ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG