သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းသုံးခုကို UK အရေးယူ


  ဗြိတိန် အစိုးရလွှတ်တော်အဆောက်အဦးကို အပေါ်စီးမှာမြင်ရစဉ်။
  ဗြိတိန် အစိုးရလွှတ်တော်အဆောက်အဦးကို အပေါ်စီးမှာမြင်ရစဉ်။

[[Zawgyi/Unicode]]

မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ စီးပွားရေးကုမ္ပဏီသုံးခုကို ဗြိတိန်အစိုးရရဲ့ အရေးယူဒဏ်ခတ်မှုစာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

Star Sapphire Group ၊ International Gateways Group နဲ့ Sky One Construction တို့ကို ဒဏ်ခတ်မှုစာရင်းထဲ ထည့်သွင်းတာဖြစ်ပြီး ဒါဟာ မြန်မာစစ် တပ်ရဲ့ လက်နက်နဲ့ဝင်ငွေရရှိမှုလမ်းကြောင်းကို ကန့်သတ်ပိတ်ဆို့ဖို့ရည်ရွယ်တယ် လို့ ဗြိတိန်နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။ တချိန်တည်းမှာပဲ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနဲ့ မြန်မာရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာအမှုမှာလည်း တရားမျှတရေးအတွက် ဗြိတိန်ဘက်က ဝင်ရောက်ကူညီသွားဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဌာနက အခု ဩဂုတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန် ပါတယ်။

ရိုဟင်ဂျာအရေးကိစ္စမှာ မြန်မာနိုင်ငံဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုခဲ့တာပါ။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေ အစုအပြုံလိုက် အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ဖြစ်စဉ် ၅ နှစ်ပြည့်မှာပဲ ဗြိတိန်အစိုးရ မြန်မာစစ် တပ်ကို နောက်ထပ်အရေးယူဒဏ်ခတ်မှုတိုးလိုက်တာပါ။ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ Ethnic Cleansing လူမျိုးစုလိုက်ရှင်းလင်းမှုအပေါ် ရှုတ်ချပြစ်တင်ပြီး အခုလို ငါးနှစ်ပြည့်အချိန်မှာ ရိုဟင်ဂျာတွေနဲ့အတူ ဆက်ပြီး သွေးစည်းရပ်တည်သွားမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာန အာရှရေးရာဝန်ကြီး Amanda Milling က ပြောပါတယ်။

ဗြိတိန်အစိုးရဲ့ ဒီအရေးယူမှုတွေနဲ့ပတ်သက်လို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ Burma Campaign UK က တုန့်ပြန်ကြေညာပါတယ်။ မြန်မာစစ်တပ်ဟာ ဆယ်စုနှစ်တွေနဲ့ချီ နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်နေပြီး ဒီအပေါ်မှာ တုံ့ပြန်မှုမရှိတာကြောင့် နောက်ထပ်အာဏာသိမ်းမှုတွေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကျူးလွန်ဖို့ ဖြစ်စေတယ်လို့ Burma Campaign UK ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Anna Roberts က ပြောပါတယ်။

ICJ အမှုမှာ ဗြိတိန်အစိုးရက ပါဝင်ကူညီမယ်လို့ ဆုံးဖြတ်ချက်ကြောင့် ဒီအမှုမှာ ငွေကြေးနဲ့ တရားရေးပိုင်းဆိုင်ရာအရ အထောက်အကူဖြစ်စေပြီး ဒါဟာ နိုင်ငံရေးအရ အားကောင်းတဲ့သတင်းစကားလည်းဖြစ်တယ်လို့ Anna Roberts က VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]







XS
SM
MD
LG