သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာလူမ်ိဳးတုံးသတ္ျဖတ္ေၾကာင္း စြဲဆိုအမႈ ICJ စီရင္ပိုင္ခြင့္ NUG အစိုးရ လက္ခံမည္


နတ္ျမစ္ကိုျဖတ္ၿပီး ဘဂၤလားေဒ့ရွ္ဘက္ကူးဝင္ေနၾကတဲ့ ႐ိုဟင္ဂ်ာမ်ား။ (ေအာက္တိုဘာ ၁၆၊ ၂၀၁

႐ိုဟင္ဂ်ာမူဆလင္ေတြေအပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး တရားစီရင္ပိုင္ခြင့္ ရွိတယ္ဆိုတဲ့အခ်က္ကိုလက္ခံတဲ့အေၾကာင္း NUG - ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

[[Zawgyi/Unicode]]

႐ိုဟင္ဂ်ာမူဆလင္ေတြေအပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး တရားစီရင္ပိုင္ခြင့္ ရွိတယ္ဆိုတဲ့အခ်က္ကိုလက္ခံတဲ့အေၾကာင္း NUG - ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

႐ိုဟင္ဂ်ာေတြကိုယ္စား ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုထားတဲ့ အမႈနဲ႔ပတ္သက္လို႔ ICJ ရဲ႕တရားစီရင္ပိုင္ခြင့္ကို အရင္ NLD အစိုးရက လက္မခံခဲ့ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ကနဦးအဆင့္ ကန႔္ကြက္ေလွ်ာက္လဲခဲ့ပါတယ္။ NLD အစိုးရလက္ထက္က လႊတ္ေတာ္အမတ္ေတြ ပါဝင္ ဖြဲ႔စည္းထားတဲ့ အတိုက္အခံ NUG အမ်ိဳးသား ညီၫြတ္ေရးအစိုးရက အဲဒီ ကနဦး ခုခံ ေခ်ပခ်က္ကို ျပန္လည္ ႐ုပ္သိမ္းေၾကာင္း မေန႔က ေေဖဖာ္ဝါရီလ ၁ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ဒီကိစၥ စစ္ေဆးၾကားနာေရးမွာ ICJ က ႐ိုဟင္ဂ်ာဆိုတဲ့အမည္ကိုလက္မခံတဲ့ ျမန္မာစစ္ေကာင္စီဘက္က သံတမန္ေတြနဲ႔သာ ထိေတြ႔ဆက္သြယ္ေနပါတယ္။ တရားစြဲဆိုထားတဲ့ကိစၥ ဒီလ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ ၾကားနာတဲ့အခါ ျပန္လည္ ေခ်ပဖို႔ ျပင္ဆင္ထားၿပီး ျဖစ္တဲ့အေၾကာင္း စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက VOA ကို ေျပာဆိုထားပါတယ္။

အခု ICJ တရား႐ုံးရဲ႕ တရားစီရင္ပိုင္ခြင့္ကို NUG က လက္ခံလိုက္တဲ့အေၾကာင္း ေၾကညာလိုက္တာေၾကာင့္ အမႈသြား အမႈလာအေပၚ ဘယ္ေလာက္အထိ အက်ိဳးသက္ေရာက္မႈ ရွိလာမလဲဆိုတာေတာ့ မသိရေသးပါဘူး။ ICJ အေနနဲ႔ ျမန္မာစစ္တပ္ကို အသိအမွတ္ျပဳ ဆက္ဆံမယ့္အစား အမႈနဲ႔ပတ္သက္လို႔ နယူးေယာက္ၿမိဳ႕မွာရွိေနတဲ့ ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကို ယာယီ ကိုယ္စားလွယ္အေနနဲ႔ အစားထိုးဆက္သြယ္ဖို႔ NUC က တိုက္တြန္းထားပါတယ္။

ICJ မွာ ျမန္မာ့အေရးကို အရင္တေခါက္ ၾကားနာ စစ္ေဆးစဥ္တုန္းက ျမန္မာႏိုင္ငံကိုယ္စား တက္ေရာက္ ေျဖၾကားခဲ့တဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မတက္ေရာက္ႏိုင္ရင္ Alternate Agent - ကိုယ္စားျပဳႏိုင္တဲ့ ကိုယ္စားလွယ္အျဖစ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို အဆိုျပဳထားၿပီးျဖစ္တယ္လို႔ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ကြောင်း စွဲဆိုအမှု ICJ စီရင်ပိုင်ခွင့် NUG အစိုးရ လက်ခံမည်

ရိုဟင်ဂျာမူဆလင်တွေအေပါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တရားစီရင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့အချက်ကိုလက်ခံတဲ့အကြောင်း NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ICJ ရဲ့တရားစီရင်ပိုင်ခွင့်ကို အရင် NLD အစိုးရက လက်မခံခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကနဦးအဆင့် ကန့်ကွက်လျှောက်လဲခဲ့ပါတယ်။ NLD အစိုးရလက်ထက်က လွှတ်တော်အမတ်တွေ ပါဝင် ဖွဲ့စည်းထားတဲ့ အတိုက်အခံ NUG အမျိုးသား ညီညွတ်ရေးအစိုးရက အဲဒီ ကနဦး ခုခံ ချေပချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း မနေ့က ေဖေဖာ်ဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီကိစ္စ စစ်ဆေးကြားနာရေးမှာ ICJ က ရိုဟင်ဂျာဆိုတဲ့အမည်ကိုလက်မခံတဲ့ မြန်မာစစ်ကောင်စီဘက်က သံတမန်တွေနဲ့သာ ထိတွေ့ဆက်သွယ်နေပါတယ်။ တရားစွဲဆိုထားတဲ့ကိစ္စ ဒီလ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကြားနာတဲ့အခါ ပြန်လည် ချေပဖို့ ပြင်ဆင်ထားပြီး ဖြစ်တဲ့အကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA ကို ပြောဆိုထားပါတယ်။

အခု ICJ တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို NUG က လက်ခံလိုက်တဲ့အကြောင်း ကြေညာလိုက်တာကြောင့် အမှုသွား အမှုလာအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိလာမလဲဆိုတာတော့ မသိရသေးပါဘူး။ ICJ အနေနဲ့ မြန်မာစစ်တပ်ကို အသိအမှတ်ပြု ဆက်ဆံမယ့်အစား အမှုနဲ့ပတ်သက်လို့ နယူးယောက်မြို့မှာရှိနေတဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ယာယီ ကိုယ်စားလှယ်အနေနဲ့ အစားထိုးဆက်သွယ်ဖို့ NUC က တိုက်တွန်းထားပါတယ်။

ICJ မှာ မြန်မာ့အရေးကို အရင်တခေါက် ကြားနာ စစ်ဆေးစဉ်တုန်းက မြန်မာနိုင်ငံကိုယ်စား တက်ရောက် ဖြေကြားခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ရင် Alternate Agent - ကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အဆိုပြုထားပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။

#NUG #ICJ #AlternateAgent #ဦးကျော်မိုးထွန်း #ဒေါ်ဇင်မာအောင် #ရိုဟင်ဂျာ #ဗွီအိုအေ

=========

XS
SM
MD
LG