ေအာက္တိုဘာလ (၁၀) ရက္ေန႔ဟာ ကမာၻ႔ စိတ္က်န္းမာေရးေန႔ ျဖစ္တဲ့ အေလ်ာက္ ကမာၻတလႊား စစ္ေရးနဲ႔ အၾကမ္းဖက္မႈ ပဋိပကၡ ေတြ ျဖစ္ပြားရာေဒသေတြက စိတ္ဒဏ္ရာရေနသူ လူသန္းေပါင္းမ်ားစြာကို စိတ္ပိုင္း၊ လူမႈေရးပိုင္း အရ အကူအညီေပးၾကဖို႕ ႏိုင္ငံတကာ ၾကက္ေျခနီ အသင္း ICRC က တိုက္တြန္းလိုက္ပါတယ္။
ကမာၻေပၚမွာ အထူးသျဖင့္ စစ္ေရးနဲ႔ အၾကမ္းဖက္မႈေတြျဖစ္ပြားရာ ပဋိပကၡ ေဒသေတြမွာေနၾကတဲ့ လူ ၅ ဦးတိုင္းမွာ တဦးထက္မနည္းဟာ စိတ္က်ေ၀ဒနာ၊ စိတ္ဖိစီးမႈနဲ႕ စိတ္ဒဏ္ရာေတြကို ခံစား ေနၾကရတယ္လို႕ ICRC ရဲ႕ စစ္တမ္းတေစာင္မွာ ေဖၚျပထားပါတယ္။
ပဋိပကၡေဒသေတြက ေရရွည္စိတ္ဒဏ္ရာေတြနဲ႔ အသက္အႏၲရာယ္ ၿခိမ္းေျခာက္မႈေတြက ဒီလိုေဝဒနာ ေရရွည္ခံစားဖို႔ ျဖစ္လာ ရေၾကာင္း အစီရင္ခံစာမွာ သုံးသပ္ထားပါတယ္။ စိတ္က်န္းမာေရးခ်ိဳ႕တဲ့ေနတဲ့ ေဝဒနာရွင္ေတြကို အာဖရိတိုက္မွာ ပိုေတြ႕ရၿပီး၊ အထူးသျဖင့္ ပဋိပကၡေတြ ဆက္ရွိေနဆဲျဖစ္တဲ့ ႏိုင္ဂ်ီးရီးယား၊ ဗဟိုအာဖရိက သမၼတႏိုင္ငံ ၊ ဘူ႐ြန္းဒီး ၊ ေတာင္ဆူဒန္ စတဲ့ႏိုင္ငံေတြမွာ ျဖစ္တယ္လို႔ ICRC ကေျပာပါတယ္။
ဒီလို ေ၀ဒနာရွင္ေတြဟာ လစ္လ်ဴရႈ႕ထားတာခံေနရၿပီး သူတို႕ ခံစားေနရတာကို မကုစားေပးရင္ အသက္အႏၲရာယ္ရွိတဲ့ အထိျဖစ္လာႏိုင္တယ္လို႕ ICRC ကေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ သန္းေပါင္းမ်ားစြာေသာ အဆိုပါ ျပည္သူေတြ ခံစားေနရတဲ့ စိတ္က်န္းမာေရးခ်ိဳ႕တဲ့မႈကို ကာကြယ္ကုသႏိုင္ေရးအတြက္ စိတ္ပိုင္း၊ လူမႈေရးပိုင္းအရ အေထာက္အပံ့ ေပးၾကဖို႔ကိုလည္း ICRC ကတိုက္တြန္းထားပါတယ္။
.....................
{Unicode}
စိတ်ဒဏ်ရာရသူတွေကို ကူညီဖို့ ICRC တိုက်တွန်း
အောက်တိုဘာလ (၁၀) ရက်နေ့ဟာ ကမ္ဘာ့ စိတ်ကျန်းမာရေးနေ့ ဖြစ်တဲ့ အလျောက် ကမ္ဘာတလွှား စစ်ရေးနဲ့ အကြမ်းဖက်မှု ပဋိပက္ခ တွေ ဖြစ်ပွားရာဒေသတွေက စိတ်ဒဏ်ရာရနေသူ လူသန်းပေါင်းများစွာကို စိတ်ပိုင်း၊ လူမှုရေးပိုင်း အရ အကူအညီပေးကြဖို့ နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC က တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ အထူးသဖြင့် စစ်ရေးနဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားရာ ပဋိပက္ခ ဒေသတွေမှာနေကြတဲ့ လူ ၅ ဦးတိုင်းမှာ တဦးထက်မနည်းဟာ စိတ်ကျဝေဒနာ၊ စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာတွေကို ခံစား နေကြရတယ်လို့ ICRC ရဲ့ စစ်တမ်းတစောင်မှာ ဖေါ်ပြထားပါတယ်။
ပဋိပက္ခဒေသတွေက ရေရှည်စိတ်ဒဏ်ရာတွေနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေက ဒီလိုဝေဒနာ ရေရှည်ခံစားဖို့ ဖြစ်လာ ရကြောင်း အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ဝေဒနာရှင်တွေကို အာဖရိတိုက်မှာ ပိုတွေ့ရပြီး၊ အထူးသဖြင့် ပဋိပက္ခတွေ ဆက်ရှိနေဆဲဖြစ်တဲ့ နိုင်ဂျီးရီးယား၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ ၊ ဘူရွန်းဒီး ၊ တောင်ဆူဒန် စတဲ့နိုင်ငံတွေမှာ ဖြစ်တယ်လို့ ICRC ကပြောပါတယ်။
ဒီလို ဝေဒနာရှင်တွေဟာ လစ်လျူရှု့ထားတာခံနေရပြီး သူတို့ ခံစားနေရတာကို မကုစားပေးရင် အသက်အန္တရာယ်ရှိတဲ့ အထိဖြစ်လာနိုင်တယ်လို့ ICRC ကဖော်ပြထားပါတယ်။ ဒါကြောင့် သန်းပေါင်းများစွာသော အဆိုပါ ပြည်သူတွေ ခံစားနေရတဲ့ စိတ်ကျန်းမာရေးချို့တဲ့မှုကို ကာကွယ်ကုသနိုင်ရေးအတွက် စိတ်ပိုင်း၊ လူမှုရေးပိုင်းအရ အထောက်အပံ့ ပေးကြဖို့ကိုလည်း ICRC ကတိုက်တွန်းထားပါတယ်။