သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICRC အကြီးအကဲ မြန်မာခေါင်းဆောင်တွေနဲ့ ရခိုင်ပြည်နယ်အရေးဆွေးနွေး


ှုICRC ဥက္ကဋ္ဌနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-MOI)
ှုICRC ဥက္ကဋ္ဌနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-MOI)

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ကူညီရေး လုပ်ငန်းမှာ ပါဝင်ပတ်သက်သူတွေနဲ့ သက်ဆိုင်ရာ အဏာပိုင်တွေ အကြား စိတ်ချယုံကြည်ရတဲ့ ဆက်ဆံရေးတွေ လိုအပ်တဲ့အကြောင်း မြန်မာနိုင်ငံကို ငါးရက်ကြာ သွားရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Peter Maurer က ပြောဆိုပါတယ်။ ငါးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ဒီကနေ့ နေပြည်တော်မှာ ပြီးခဲ့တဲ့ နာရီပိုင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပပါတယ်။ ကိုသိန်းထိုက်ဦး ကောက်နုတ်တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခြေအနေဟာ လူသားချင်းစာနာမှု အရေးပေါ်အကူညီတွေပေးရုံနဲ့ မလုံလောက်ဘဲ လူတွေ ရေရှည် ရပ်တည်နိုင်တဲ့ ဝန်းကျင်နဲ့ အနေအထား၊ အကာကွယ်ပေးနိုင်တဲ့ လူမှုအသိုင်းအဝိုင်း လိုအပ် တယ် ဆိုတာကို သတင်းစာရှင်းလင်းပွဲမှာ ICRC ဥက္ကဋ္ဌ Peter Maurer က အဓိက ပြောသွားတာပါ။ ဒီလို အခြေအနေတွေကို ဖန်တီးရာမှာ နိုင်ငံတော်အစိုးရ တာဝန်ရှိသူတွေက ကူညီဖို့ လိုတယ်လို့ဆိုပါတယ်။

ICRC ဥက္ကဋ္ဌရဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ- MOI)
ICRC ဥက္ကဋ္ဌရဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ- MOI)

"ရှေ့လာမယ့် သီတင်းပတ်တွေ၊ လတွေအတွင်း လူတွေရဲ့ အသက်မွေးဝမ်းကြောင်း အတွက်၊ စီးပွားရေး အခွင့် အလမ်းတွေ ဖန်တီးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်အောင် အကူအညီတွေ တိုးပြီး ပေးနိုင်အောင် ကျနော်တို့ ဆောင်ရွက်သွားမှာပါ။ ကျန်းမာရေး စနစ်၊ သောက်ရေစနစ်၊ ဒါတွေကို ဒေသပိုင် အာဏာပိုင်တွေနဲ့ လက်တွဲပြီး အရင်နဲ့မတူအောင် လူမှုအသိုင်းအဝိုင်းတွေကို ပံ့ပိုးသွားဖို့လည်း ကျနော်တို့ စီစဉ်ထားပါ တယ်။ ကျနော်ဒီနေရာမှာ လေးလေးနက်နက်ထောက်ပြချင်တာက အရေးပေါ် အကူအညီ တခုတည်းနဲ့ မလုံလောက် ပါဘူး။ သူတို့ ဆန္ဒနဲ့အညီ ပြန်လာပြီး နေထိုင်သူတွေကို ရေရှည် မှာ ပိုပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင် ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ရှုမြင်နိုင်မယ့် အနေအထားတွေ ရရှိဖို့ ဖြစ်ပါတယ်။"

ICRC ဥက္ကဋ္ဌဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာအစိုးရသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တို့နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် ပြောဆိုခဲ့ တာတွေနဲ့ ပတ်သက်လို့လည်း -

ICRC ဥက္ကဋ္ဌ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြိး မင်းအောင်လှိုင် (ဓာတ်ပုံ-MOI)
ICRC ဥက္ကဋ္ဌ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြိး မင်းအောင်လှိုင် (ဓာတ်ပုံ-MOI)

"ICRC ရဲ့ လုပ်ငန်းတွေကို အစိုးရ အာဏာပိုင်တွေက ကူညီပံ့ပိုးပေးဖို့ ကိစ္စကို ကျနော် ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့၊ စစ်တပ်စတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်ပြီး အရပ်သား တွေကို ကာကွယ်ပေးရေးကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ ICRC ရဲ့ လုပ်ငန်းတွေကို အလယ်အလတ် ကာလနဲ့ ရေရှည်အတွက် ပြီးပြည့်စုံတဲ့ မျှော်မှန်းချက်တွေ ပြည့်မီအောင် အကောင်အထည် ဖေါ်နိုင်ရေး မှာ ပူးပေါင်းဖို့ လိုအပ်တယ်ဆိုတာပါ။"

မြန်မာနိုင်ငံအတွင်း ICRC ရဲ့လုပ်ငန်းတွေကိုဆောင်ရွက်ရာမှာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းရဲ့ လက်တွဲဘက် အဖြစ် ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် ကျေးဇူးတင်တဲ့ အကြောင်း နဲ့ ကမ္ဘာတဝှမ်းက ကြက်ခြေနီအသင်းတွေရဲ့ ထောက်ခံအားပေးမှုတွေ ရခဲ့ တာကို ကျေးဇူးတင်ကြောင်း သူက ပြောခဲ့ပါတယ်။ ICRC ရဲ့ လုပ်ငန်းဆောင်တာ တွေနဲ့ ပတ်သက်လို့လည်း သူက -

"ICRC ဟာ ဘက်မလိုက်တဲ့ ကြားနေအဖွဲ့အစည်းတခုဖြစ်ပါတယ်။ ဆိုလိုတာက လူသား ချင်း စာနာမှု အကူအညီ တွေ ပေးအပ်တယ်ဆိုတဲ့နေရာမှာ လိုအပ်တဲ့ လူတွေရဲ့လက်ထဲ ကို ရောက်အောင်ပေးပို့တဲ့ အဖွဲ့အစည်း ဖြစ်ပါ တယ်။ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးစု တိုင်းရင်းသား၊ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှု မရှိပါဘူး။ ဒါကို ကျနော်တို့ ဆက်ပြီး ထိန်းသိမ်းရပါလိမ့်မယ်။ ဒီအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတနဲ့ ကာကွယ် ရေး ဦးစီးချုပ်တို့ကလည်း အသိအမှတ်ပြုထားတဲ့အတိုင်း ကျနော်တို့ ဆက်ပြီး ပံ့ပိုး ဆောင်ရွက်ရပါလိမ့်မယ်။ ဒီနေ့ ကျနော် တွေ့ဆုံတဲ့အချိန် ခေါင်းဆောင်သုံးဦးစလုံးက ကျနော်တို့ရဲ့ စိုးရိမ်မှုတွေနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခြ့သလို၊ ပံ့ပိုးဖို့ အဆင်သင့်ဖြစ်တယ်ဆိုတာ ပြသတဲ့တချိန်တည်းမှာ ကျနော်တို့ လုပ်ကိုင်ခဲ့တာတွေ အပေါ် ကျေးဇူးတင် နားလည်လက်ခံတာကိုလည်း ပြောဆိုခဲ့ကြပါတယ်။"

ICRC ဥက္ကဋ္ဌ Peter Maurer ဟာ ဒီကနေ့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီ ဒေသခံတွေရဲ့ သဘောထား အမြင်တွေကို နားထောင်ရင်း အပြန်အလှန် ဆွေးနွေးခဲ့ ပါတယ်။

ICRC ဥက္ကဋ္ဌ Peter Maure ဟာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG