သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICRC ကြက်ခြေနီအဖွဲ့ အကြီးအကဲ ရခိုင်ပြည်နယ်သွားရောက်


ICRC ဥက္ကဌ Peter Maurer ဒေသခံတွေနဲ့ တွေ့ဆုံ (ICRC)
ICRC ဥက္ကဌ Peter Maurer ဒေသခံတွေနဲ့ တွေ့ဆုံ (ICRC)

လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေကို ဆန်းစစ်ဖို့ မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC ဥက္ကဌ Peter Maurer ဟာ ဒီကနေ့ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်ကို သွားရောက်ပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ငါးကျဉ်တောက် ကျေးရွာအုပ်စုမှာ ရှိတဲ့ ကြက်ခြေနီ လှုပ်ရှားမှုရဲ့ ရွေ့လျားဆေးခန်းကို ကိုယ်တိုင်သွားရောက်ပြီး ဆေးကုသမှု ခံယူသူ တချို့နဲ့လည်း တွေ့ဆုံ စကားပြောဆိုခဲ့ပါတယ်။

သူက ရခိုင်ပြည်နယ်မှာ နောက်ထပ် ၂ ရက် ဆက်လက်ရှိနေမှာ ဖြစ်ပြီး ကြက်ခြေနီ ဝန်ထမ်းတွေနဲ့ လုပ်ငန်းတွေကိုလည်း လေ့လာဖို့ ရှိကြောင်း နိုင်ငံတကာ ကြက်ခြေနီ အသင်းက ထုတ်ပြန်ထားပါတယ်။

ကြက်ခြေနီ လှုပ်ရှားမှုဟာဆိုရင် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ တခုတည်းသော အဖွဲ့အစည်း ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ အကြမ်းဖက်မှုတွေ နောက်ပိုင်း လူပေါင်း ၃ သိန်းနီးပါးကို ကူညီခဲ့ပြီး ဖြစ်တယ်လို့ ICRC ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။ မနေ့ တနလာၤနေ့က မြန်မာနိုင်ငံကို ဆိုက်ရောက်လာခဲ့တဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC ဥက္ကဌ Peter Maurer က ဘင်္ဂလားဒေရှ့်ကိုလည်း သွားရောက်မှာ ဖြစ်ပြီး နှစ်နိုင်ငံ အာဏာပိုင်တို့နဲ့လည်း တွေ့ဆုံမယ်လို့ သူ့ရဲ့ တွစ်တာ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ICRC ဥက္ကဌက မြန်မာ နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ လာမယ့် သောကြာနေ့ ဇွန်လ ၂၉ ရက်နေ့ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်မယ်လို့လည်း ICRC က ကြေညာထားပါတယ်။

ICRC ကြက်ခြေနီအဖွဲ့ အကြီးအကဲ ရခိုင်ပြည်နယ်သွားရောက်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG