သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ပြေးဒုက္ခသည်အရေး ICRC စိုးရိမ်


ICRC ဥက္ကဋ္ဌ ရခိုင်ပြည်နယ်အတွင်းက ဒေသခံများနဲ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ICRC)
ICRC ဥက္ကဋ္ဌ ရခိုင်ပြည်နယ်အတွင်းက ဒေသခံများနဲ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ICRC)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးကြရတဲ့ စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက် တိုးပွါးလာနေတဲ့အပေါ် ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က စိုးရိမ်ပူပန်တဲ့ အကြောင်း မနေ့က သတင်းထုတ် ပြန်ပါတယ်။

မြန်မာအစိုးရတပ်နဲ့ AA ရခိုင်တပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့၂၀၁၈ ခု ဒီဇင်ဘာလကစပြီး တိုက်ခိုက်မှုတွေ အရှိန်မြင့်လာခဲ့ပြီး စစ်ဘေးရှောင် အရပ်သူအရပ်သားအရေအတွက်က ၁၉၀၀၀ ကျော် ရှိလာနေပါတယ်။

ဒီစစ်ဘေးဒုက္ခသည်တွေဟာ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏကျွန်း၊ ရသေ့တောင်၊ မောင်းတော၊ မင်းဗြားနဲ့ မြောက်ဦးမြို့နယ်တွေအတွင်းမှာ ယာယီစခန်းချနေတာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေတာတွေ လုပ်နေရပါတယ်။ ပုဏ္ဏကျွန်းမြို့ နယ်က အထက်မြက်လှဲရွာက ဒုက္ခသည်စခန်းတခုထဲမှာကိုပဲ လူငါးရာကျော်ရှိနေပါတယ်။

ခြေကျင်ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေဟာ တောတောင်ထူထပ်တဲ့နေရာတွေမှာလည်းရှိနေပြီး ဖြစ်သလိုကြုံသလိုဆင်းဆင်းရဲရဲအခြေအနေတွေနဲ့ စခန်းချနေကြပါတယ်။ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က ဒုက္ခသည်တွေအတွက် အစားအသောက်၊ ဖျာ၊ စောင်နဲ့ တခြားအိမ်သုံးပစ္စည်းတွေ၊ ရွက်ဖျင်တဲထိုးဖို့ တာပေါ်လင်စတွေအပြင် အစားအစာတွေ ဝယ်ယူနိုင်ဖို့ ငွေကြေးလည်း ထောက်ပံ့ကူညီနေပါတယ်။

ICRCအဖွဲ့ရဲ့ ကူညီဆောင်ရွက်မှုတွေက ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကစပြီး လုပ်ဆောင်လာခဲ့တာပါ။ ဒုက္ခသည်တွေအနေနဲ့ ကိုယ့်အိမ်ကိုယ်ယာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘယ်တော့ပြန်နေရမလဲဆိုတာ မသိနိုင်ကြဘဲ ဖြစ်နေတယ်လို့ မနေ့ကထုတ်ပြန်တဲ့ ICRC ရဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။

ရခိုင်စစ်ပြေးဒုက္ခသည်အရေး ICRC စိုးရိမ်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG