(Zawgyi/Unicode)
အရေးပေါ်အကူအညီလိုနေတဲ့ ကျောက်ထုက စစ်ဘေးရှောင်များ
မကွေးတိုင်း၊ ကျောက်ထုမြို့မှာ ခိုလှုံနေကြတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့က လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေရသူ ၁,၉၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး စတဲ့အကူအညီတွေဟာ သီတင်းတပတ်စာလောက်ပဲ ကျန်တော့တယ်လို့ ကျောက်ထုဒေသ စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီရဲ့ ဥက္ကဋ္ဌက ဗွီအိုအေကိုပြောပါတယ်။
စစ်ရှောင်တွေအတွက် အကူအညီတွေပေးတာကို တားဆီးပိတ်ဆို့ထားတာ ဖွင့်ပေးစေချင်တယ်လို့လည်း ကော်မတီဥက္ကဋ္ဌ ဦးလောဟာလိန်းက ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
......................
(Unicode)