သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လက္ယက္ကုန္းပစ္ခတ္မႈ စစ္ရာဇဝတ္မႈ ေျမာက္မေျမာက္ IIMM စံုစမ္း


ေလေၾကာင္း တိုက္ခိုက္မႈအၿပီး ျမင္ရသည့္ လက္ယက္ကုန္းရြာ စာသင္ေက်ာင္းတခု။ (Photo: Citizen Journalist)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း၊ ဒီပဲယင္းၿမိဳ႕နယ္ထဲက လက္ယက္ကုန္းေက်းရြာက စာသင္ေက်ာင္းကို မၾကာေသးခင္က တိုက္ခိုက္ခဲ့တဲ့ကိစၥမွာ ရာဇဝတ္မႈက်ဴးလြန္ခဲ့ျခင္းရွိမရွိ အေထာက္အထားေတြ စုေဆာင္းေနတယ္လို႔ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာစုံစမ္းေရးအဖဲြ႔ IIMM က ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ အဲဒီတိုက္ခိုက္မႈအတြင္း ကေလးငယ္အမ်ားအျပားအပါအဝင္ အနည္းဆုံး လူ ၁၂ ဦး ေသဆုံးခဲ့တယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚေနတယ္ဆိုတာကိုလည္း ေၾကညာခ်က္မွာ ကိုးကား ေဖာ္ျပပါတယ္။

စက္တင္ဘာလ ၁၆ ရက္ေန႔က လက္ယက္ကုန္းေက်းရြာမွာရွိတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းအတြင္း ဖြင့္ထားတဲ့ စာသင္ေက်ာင္းတခုကို ျမန္မာစစ္တပ္က ရဟတ္ယာဥ္နဲ႔ ေလေၾကာင္းက အရင္ တိုက္ခိုက္ခဲ့ၿပီးတဲ့ေနာက္ ေျခလ်င္တပ္ဖြဲ႔ေတြက ေနာက္ဆက္တြဲ နာရီအတန္ၾကာ တိုက္ခိုက္ခဲ့တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

အရပ္သားျပည္သူေတြအေပၚ လက္နက္နဲ႔ပစ္ခတ္တိုက္ခိုက္မႈကို ႏိုင္ငံတကာဥပေဒအရ တားျမစ္ထားၿပီး အဲဒီ တားျမစ္ခ်က္ကို ခ်ဳိးေဖာက္က်ဴးလြန္ခဲ့ရင္ စစ္ရာဇဝတ္မႈ ေျမာက္ေစတယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဒီတိုက္ခိုက္မႈဟာ အရပ္သားေတြကို ပစ္မွတ္ထားတာမဟုတ္ဘဲ အဲဒီမွာ ပုန္းေအာင္းေနတယ္လို႔ ယူဆရတဲ့ KIA ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႔ဝင္ေတြနဲ႔ PDF တပ္ဖြဲ႔ေတြကို တိုက္ခိုက္ျခင္းျဖစ္တယ္လို႔ ျမန္မာစစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာေပမယ့္ ဒီလိုတိုက္ခိုက္လို႔ အရပ္သားေတြ ထိခိုက္ ေသေၾကႏိုင္တဲ့အလားအလာရွိမယ္ဆိုရင္ ဒီလို စစ္ဆင္ေရးမ်ဳိး မလုပ္ဖို႔ ႏိုင္ငံတကာဥပေဒအရ တားျမစ္ထားတယ္လို႔ IIMM အဖြဲ႔က ေျပာပါတယ္။

အရပ္သားေတြရွိတဲ့ေနရာကို စစ္ဆင္ေရးဆင္ႏြဲေတာ့မယ့္ စစ္ဦးစီးတဦးအေနနဲ႔ အရပ္သား ထိခိုက္ ေသဆုံးမႈမရွိေစရေအာင္ ဘက္ေပါင္းစုံက ဆင္ျခင္တြက္ခ်က္တာ၊ တကယ္လို႔ အရပ္သားေသဆုံးမႈ မ်ားျပားႏိုင္မယ္ဆိုရင္ အဲဒီ စစ္ဆင္ေရးကို ပယ္ဖ်က္တာမ်ဳိး လုပ္ေဆာင္ရမယ့္ တာဝန္ရွိတယ္လို႔ စစ္ဆင္ေရးနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာကထုတ္ျပန္ထားတဲ့တားျမစ္ခ်က္ေတြကို ကိုးကားေဖာ္ျပထားပါတယ္။

တကယ္လို႔ အရပ္သားေသဆုံးမႈမ်ားႏိုင္ေၾကာင္း သိရွိထားပါလ်က္နဲ႔ အထက္ကေပးတဲ့အမိန္႔အတိုင္း လိုက္နာၿပီး တိုက္ခိုက္တဲ့စစ္ဦးစီးမႉး၊ စစ္သားနဲ႔ေလယာဥ္မႉးတို႔ဟာ ရာဇဝတ္မႈက်ဴးလြန္ရာေရာက္တယ္ လို႔ IIMM ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အခုေၾကညာခ်က္နဲ႔ ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီဘက္က တစံုတရာ တံု႔ျပန္တာေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

လက်ယက်ကုန်းပစ်ခတ်မှု စစ်ရာဇဝတ်မှု မြောက်မမြောက် IIMM စုံစမ်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို မကြာသေးခင်က တိုက်ခိုက်ခဲ့တဲ့ကိစ္စမှာ ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းရှိမရှိ အထောက်အထားတွေ စုဆောင်းနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့ IIMM က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ကလေးငယ်အများအပြားအပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတယ်ဆိုတာကိုလည်း ကြေညာချက်မှာ ကိုးကား ဖော်ပြပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့က လက်ယက်ကုန်းကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းအတွင်း ဖွင့်ထားတဲ့ စာသင်ကျောင်းတခုကို မြန်မာစစ်တပ်က ရဟတ်ယာဉ်နဲ့ လေကြောင်းက အရင် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ခြေလျင်တပ်ဖွဲ့တွေက နောက်ဆက်တွဲ နာရီအတန်ကြာ တိုက်ခိုက်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အရပ်သားပြည်သူတွေအပေါ် လက်နက်နဲ့ပစ်ခတ်တိုက်ခိုက်မှုကို နိုင်ငံတကာဥပဒေအရ တားမြစ်ထားပြီး အဲဒီ တားမြစ်ချက်ကို ချိုးဖောက်ကျူးလွန်ခဲ့ရင် စစ်ရာဇဝတ်မှု မြောက်စေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေကို ပစ်မှတ်ထားတာမဟုတ်ဘဲ အဲဒီမှာ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေနဲ့ PDF တပ်ဖွဲ့တွေကို တိုက်ခိုက်ခြင်းဖြစ်တယ်လို့ မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပေမယ့် ဒီလိုတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက် သေကြေနိုင်တဲ့အလားအလာရှိမယ်ဆိုရင် ဒီလို စစ်ဆင်ရေးမျိုး မလုပ်ဖို့ နိုင်ငံတကာဥပဒေအရ တားမြစ်ထားတယ်လို့ IIMM အဖွဲ့က ပြောပါတယ်။

အရပ်သားတွေရှိတဲ့နေရာကို စစ်ဆင်ရေးဆင်နွဲတော့မယ့် စစ်ဦးစီးတဦးအနေနဲ့ အရပ်သား ထိခိုက် သေဆုံးမှုမရှိစေရအောင် ဘက်ပေါင်းစုံက ဆင်ခြင်တွက်ချက်တာ၊ တကယ်လို့ အရပ်သားသေဆုံးမှု များပြားနိုင်မယ်ဆိုရင် အဲဒီ စစ်ဆင်ရေးကို ပယ်ဖျက်တာမျိုး လုပ်ဆောင်ရမယ့် တာဝန်ရှိတယ်လို့ စစ်ဆင်ရေးနဲ့ပတ်သက်လို့ နိုင်ငံတကာကထုတ်ပြန်ထားတဲ့တားမြစ်ချက်တွေကို ကိုးကားဖော်ပြထားပါတယ်။

တကယ်လို့ အရပ်သားသေဆုံးမှုများနိုင်ကြောင်း သိရှိထားပါလျက်နဲ့ အထက်ကပေးတဲ့အမိန့်အတိုင်း လိုက်နာပြီး တိုက်ခိုက်တဲ့စစ်ဦးစီးမှူး၊ စစ်သားနဲ့လေယာဉ်မှူးတို့ဟာ ရာဇဝတ်မှုကျူးလွန်ရာရောက်တယ် လို့ IIMM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခုကြေညာချက်နဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာတော့ မရှိသေးပါဘူး။

XS
SM
MD
LG