သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံက စစ္ရာဇ၀တ္ဆိုင္ရာ အခ်က္အလက္ေတြ ေဖ့စ္ဘုတ္ကုမၸဏီ IIMM အဖဲြ႕ကို ေပးအပ္


FACEBOOK-EEUU-DEMANDA

ျမန္မာႏိုင္ငံမွာ စစ္ရာဇ၀တ္မႈ နဲ႔ လူမ်ိဳးတုန္းေအာင္လုပ္ေဆာင္မႈ ဆိုင္ရာစြပ္စဲြခ်က္ေတြကို အေထာက္အကူျဖစ္ႏိုင္တဲ့ သန္းနဲ႔ခ်ီတဲ့အခ်က္အလက္ေတြကို Facebook ကေပးအပ္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာလြတ္လပ္စြာစုံစမ္းစစ္ေဆးေရး ယႏၲယား IIMM ကတနလၤာေန႔မွာေျပာဆိုလိုက္ပါတယ္။

ကိုယ္ေရးအခ်က္အလက္အမွန္ေဖၚျပမထားတဲ့ ေဖ့စ္ဘုတ္ေကာင့္အတုေတြကေနျဖန္႔ေ၀ခဲ့တဲ့ သန္းနဲ႔ခ်ီတဲ့ အေထာက္အ ထားေတြကိုေပးအပ္ခဲ့တယ္လို႔ IIMM အႀကီးအကဲ Nicholas Koumjian က ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႔က UNHRC ညီလာခံမွာ တနလၤာေန႔ကေျပာ ဆိုခဲ့တာပါ။ ဒီ အေကာင့္အတုေတြကိုေတာ့ေနာက္ပိုင္းမွာ Facebook ကပိတ္ပစ္ခဲ့ပါတယ္။

IIMM လြတ္လပ္စြာစုံစမ္းေရးယႏၲယားကို ၂၀၁၈ ခုႏွစ္က ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီUNHRC ကဖဲြ႕စည္းေပးခဲ့ တာျဖစ္ၿပီး၊ ႏိုင္ငံအဆင့္၊ ေဒသဆိုင္ရာအဆင့္နဲ႔ ႏိုင္ငံတကာအဆင့္ တရား႐ုံးေတြကိုတင္ျပသြားဖို႔ စုံစမ္းစစ္ေဆးေနတာျဖစ္ပါတယ္။

လူမႈကြန္ယက္ကေနအမုန္းစကားေတြျဖန္႔ေ၀ခဲ့တယ္လို႔ ကုလသမဂၢလူ႔အခြင့္အေရးတာ၀န္ရွိသူေတြက ၂၀၁၈ ခုႏွစ္တုန္းကေျပာဆိုခဲ့ပါတယ္။ ေဖ့ဘုတ္ကလည္း ဒါေတြကိုပိတ္ဆို႔ကာဆီးဖို႔လုပ္ေဆာင္ေနတယ္လို႔ေျပာဆိုပါတယ္။

၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္ အတြင္းျမန္မာစစ္တပ္ကနယ္ေျမရွင္းလင္းေရးလုပ္စဥ္ ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္ ဘဂၤလား ေဒ့ရွ္ဘက္ကိုထြက္ေျပးခဲ့ရၿပီး၊ ICJ ႏိုင္ငံတကာခုံ႐ုံးမွာလူမ်ိဳးတုန္းေအာင္လုပ္ေဆာင္မႈနဲ႔ ျမန္မာႏိုင္ငံကို တရားစဲြခံ ထားရပါ တယ္။

ျမန္မာစစ္တပ္ကေတာ့ ႐ိုဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြကို ျငင္းဆန္ထားၿပီး၊ ရခိုင္ျပည္နယ္အတြင္း အၾကမ္းဖက္တိုက္ခိုက္သူေတြ ကိုရွင္းလင္းတဲ့ တရား၀င္စစ္ဆင္ေရးေတြျဖစ္တယ္လို႔တုန္႔ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု နဲ့ လူမျိုးတုန်းအောင်လုပ်ဆောင်မှု ဆိုင်ရာစွပ်စွဲချက်တွေကို အထောက်အကူဖြစ်နိုင်တဲ့ သန်းနဲ့ချီတဲ့အချက်အလက်တွေကို Facebook ကပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်စွာစုံစမ်းစစ်ဆေးရေး ယန္တယား IIMM ကတနင်္လာနေ့မှာပြောဆိုလိုက်ပါတယ်။

ကိုယ်ရေးအချက်အလက်အမှန်ဖေါ်ပြမထားတဲ့ ဖေ့စဘုတ်ကောင့်အတုတွေကနေဖြန့်ဝေခဲ့တဲ့ သန်းနဲ့ချီတဲ့ အထောက်အ ထားတွေကိုပေးအပ်ခဲ့တယ်လို့ IIMM အကြီးအကဲ Nicholas Koumjian က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က UNHRC ညီလာခံမှာ တနင်္လာနေ့ကပြော ဆိုခဲ့တာပါ။ ဒီ အကောင့်အတုတွေကိုတော့နောက်ပိုင်းမှာ Facebook ကပိတ်ပစ်ခဲ့ပါတယ်။

IIMM လွတ်လပ်စွာစုံစမ်းရေးယန္တယားကို ၂၀၁၈ ခုနှစ်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီUNHRC ကဖွဲ့စည်းပေးခဲ့ တာဖြစ်ပြီး၊ နိုင်ငံအဆင့်၊ ဒေသဆိုင်ရာအဆင့်နဲ့ နိုင်ငံတကာအဆင့် တရားရုံးတွေကိုတင်ပြသွားဖို့ စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

လူမှုကွန်ယက်ကနေအမုန်းစကားတွေဖြန့်ဝေခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးတာဝန်ရှိသူတွေက ၂၀၁၈ ခုနှစ်တုန်းကပြောဆိုခဲ့ပါတယ်။ ဖေ့ဘုတ်ကလည်း ဒါတွေကိုပိတ်ဆို့ကာဆီးဖို့လုပ်ဆောင်နေတယ်လို့ပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် အတွင်းမြန်မာစစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်စဉ် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလား ဒေ့ရှ်ဘက်ကိုထွက်ပြေးခဲ့ရပြီး၊ ICJ နိုင်ငံတကာခုံရုံးမှာလူမျိုးတုန်းအောင်လုပ်ဆောင်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲခံ ထားရပါ တယ်။

မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး၊ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်သူတွေ ကိုရှင်းလင်းတဲ့ တရားဝင်စစ်ဆင်ရေးတွေဖြစ်တယ်လို့တုန့်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG