သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရက်တုချက်ရောင်းသူ မြန်မာ ၇ ဦး မလေးရဲဖမ်း


အရက်တုများ
အရက်တုများ

အရက်တု ထုတ်တဲ့ အဖွဲ့က လူတွေဆိုတဲ့ ယူဆချက်နဲ့ မြန်မာ နိုင်ငံသား အမျိုးသား ၇ ဦးနဲ့ ဒေသခံ တဦးတို့ကို မလေးရှားနိုင်ငံ ပီနန်းပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မလေးရှား သတင်းတွေမှာ ဖော်ပြကြပါတယ်။

Lebuh Victoria က ဆိုင်တခုရှေ့မှာ အသက် ၅၀ အရွယ် ဒေသခံ အမျိုးသားတဦးနဲ့ Jalan Datuk Keramat ကွန်ဒိုခန်း တခုမှာ အသက် ၅၀ အရွယ် မြန်မာ အမျိုးသား တဦးကို တနလာၤနေ့ ညနေပိုင်းမှာ အရင်ဆုံး ဖမ်းဆီး ခဲ့တာပါ။ အဲဒီနောက်မှာတော့ အင်္ဂါနေ့မှာ Jalan Kajang က နှစ်ထပ်အိမ်တလုံးကို ရဲက ဝင်ရောက် စီးနင်းပြီး အသက် ၂၂ နှစ်ကနေ ၄၇ နှစ်ကြား မြန်မာ နိုင်ငံသား အမျိုးသား ၆ ဦးကို ထပ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။ အရက်တုထုတ်ဖို့ ဒီအဖွဲ့က ငှားထားတဲ့ အိမ်မှာ ဈေးကွက်တင်ဖို့ အသင့်ဖြစ်နေတဲ့ အရက်ပုလင်းတွေထည့်ထားတဲ့ အမည်းရောင် ပလတ်စတစ်ထုတ်တွေ အပြည့် တွေ့ရတယ်လို့လည်းရဲက ပြောပါတယ်။

မှောင်ခိုရောင်းဖို့လို့ ယူဆရတဲ့ အရက်တံဆိပ်မျိုးစုံ၊ နောက် မီးဖိုထဲမှာလည်း ပလတ်စတစ်ပုံးတွေနဲ့ ထည့်ထားတဲ့ ဓာတုပစ္စည်းတွေ၊ အနံ့အရသာတွေ တွေ့ရပြီး အရက်ပုလင်းဟောင်းတွေ၊ တံဆိပ်မျိုးစုံနဲ့ ပုလင်းဖုံး တပ်တဲ့ စက်လေးလုံးလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရဲက ပြောပါတယ်။ ကနဦး စစ်ဆေးချက်တွေ အရတော့ အရက်တု ထုတ်နေတာ ၄ နှစ်ရှိပြီ ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကြတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဈေးပေါပေါနဲ့ ရောင်းနေတာကို သိရှိရတယ်လို့လည်း ရဲက ပြောပါတယ်။

အဖွဲ့ရဲ့ အဓိက ဦးစီးသူလို့ ယူဆရသူ မလေးရှား ဒေသခံ အမျိုးသားကိုလည်း ရဲက ရှာဖွေနေပါတယ်။ မက်သနော အဆိပ်ပါတဲ့ ချက်အရက်တွေ သောက်မိတာကြောင့် ဧပြီနဲ့ ဇွန်လ ၁၁ ရက်အတွင်း အမျိုးသား ၆ ဦး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာတော့ မလေးရှား နိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသား ၃ ဦးနဲ့ အိန္ဒိယ နိုင်ငံသား ၁ဦးတို့ ဖြစ်ပြီး ဆေးကုနေရသူ ၇ ဦး ရှိနေပါတယ်။

အရက်တုချက်ရောင်းသူ မြန်မာ ၇ ဦး မလေးရဲဖမ်း
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG