သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်ရောက်ရှိနေသူတွေကို အမေရိကန်မှာ စတင်နှိမ်နင်း


အမေရိကန်မှာ တရားမဝင်နေထိုင်သူတွေကို အဓိကထားပြီး လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေ စီးနင်းရှာဖွေမှုအတွင်း ၆၈၀ ကျော်ကို ဖမ်းမိခဲ့ပြီး အများစုဟာ ပြစ်မှုကျူးလွန်ထားကြသူတွေဖြစ်တယ်လို့ အမေရိကန်အမိမြေလုံခြုံရေးဌာနက ပြောလိုက်ပါတယ်။ နေရပ်ပြန်ပို့နိုင်ဖို့ ဖမ်းဆီးခဲ့သူ ၇၅% မှာ ပြစ်မှုကျူးလွန်ထားတဲ့ မှတ်တမ်းရှိကြသူတွေဖြစ်တယ်လို့ အမိမြေလုံခြုံရေးဝန်ကြီး John Kelly ကပြောပါတယ်။

ဒီလိုရှာဖွေဖမ်းဆီးမှုတွေဟာ ပုံမှန်လုပ်နေကျ စီမံချက်ဖြစ်တယ်လို့လည်းသူကပြောပါတယ်။ Los Angeles, Chicago, Atlanta, San Antonio နဲ့ New York တွေမှာ စီးနင်းရှာဖွေ ဖမ်းဆီးမှုတွေကို လုပ်ခဲ့တာဖြစ်ပါတယ်။ တရားဝင်နေထိုင်ခွင့်အထောက်အထား မရှိကြသူတွေ ကျူးလွန်ထားတဲ့ အမှုတွေထဲမှာ လူသတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပါဝင်တယ်လို့ ဝန်ကြီး Kelly ကပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပါတ်ထဲကစလုပ်နေတဲ့ ဖမ်းဆီးမှုတွေက အန္တရာယ်ရှိတဲ့ ဒုစရိုက်သမားတွေကို အဓိကပြစ်မှတ်ထားတာဖြစ်ပေမဲ့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်သူတိုင်းအကြုံးဝင်တယ်လို့ဆိုပါတယ်။

အမေရိကန်မှာ တရားမဝင်နေထိုင်နေကြတဲ့ ပြစ်မှုကျူးလွန်သူတွေကို နိုင်ငံထဲကနေ နှင်ထုတ်မယ်လို့ ရွေးကောက်ပွဲကတိပေးထားတဲ့အတိုင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ သမ္မတ Donald Trump ကတနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

တရားမဝင်ရောက်ရှိနေသူတွေကို အမေရိကန်မှာ စတင်နှိမ်နင်း
please wait

No media source currently available

0:00 0:00:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG