သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်နဲ့ကရင်ပြည်နယ်တွင်း တရားမဝင် ဝင်လာသူ ၃၈ ဦးကို ဖမ်းဆီး


မွန်နဲ့ကရင်ပြည်နယ်တွင်း တရားမဝင် ဝင်လာသူများ (ဓါတ်ပုံ- Ko Ko Zaw)
မွန်နဲ့ကရင်ပြည်နယ်တွင်း တရားမဝင် ဝင်လာသူများ (ဓါတ်ပုံ- Ko Ko Zaw)

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွါးခဲ့အပြီး ခရီးသွားလာရေးမှာစစ်ဆေးမှုတွေရှိနေသလို မွန်ပြည် နယ်နဲ့ကရင်ပြည်နယ်အတွင်းမှာ တရားမဝင်ခိုးဝင်လာတဲ့သူ(၃၈)ဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့တွေကနေ ဖမ်းဆီးအရေး ယူခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်အတွင်းကို တရားမဝင်ဝင်ရောက်လာတဲ့ ရခိုင်ပြည်နယ်ဘက်ကလို့ယူဆရတဲ့ မူဆလင် (၁၂)ဦးကို မွန်ပြည်နယ်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မော်လ မြိုင်မြို့ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးအောင်မြင့်ကပြောပါတယ်။

“သူတို့ဝင်လာတဲ့ပုံစံကတော့ ရခိုင်ကနေပြီးတော့ ကျောက်တော်က ၅ ယောက်တဖွဲ့ပါတယ်၊ နောက်ပြီးတော့ မြောက်ဦးက ၅ ယောက်တဖွဲ့ပါတယ်၊ မင်းပြား က ၂ ယောက်တဖွဲ့ပါတယ်။ အဲဒီ ၃ ဖွဲ့က သူတို့လမ်းကြောင်းတွေမှ တချို့က ကုန်းလမ်းကြောင်းနဲ့ထွက်လာတယ်၊ တချို့က ရေလမ်းကြောင်းနဲ့ ၂ ဖွဲ့က ထွက်လာတယ်။ ရန်ကုန်ကို စုရောက်ကြတယ် ၊ ရန်ကုန်ကနေပြီးတော့မှ မော်လမြိုင်ကို တခါ ကားနဲ့ ခေါ်လာခဲ့တယ်။ မလေးထိပို့မယ်ဆိုတဲ့ သတင်းသိရတယ်။ သူတို့ကို လဝက အက်ဥပဒေနဲ့ အရေးယူဖို့စီစဉ်ထားတယ်။”

တရားမဝင်ဝင်ရောက်လာသူ(၁၂)ဦးကို အောက်တိုဘာလ(၁၆)ရက်နေ့မှာ မော်လမြိုင်အဝေးပြေးယာဉ်မှာ ဖမ်းဆီးရမိ တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ(၁၂)ဦးဟာ မြန်မာစကားပြောဆိုတတ်တာမရှိသလို သူတို့ရဲ့မူရင်းဇာတိကို စီစစ်နေဆဲလို့ ရဲမှူးအောင် မြင့်က ဆက်ပြောပါတယ်။

“သူတို့ကို ဘာသာပြန်နဲ့မေးရတာပေါ့နော် ။ မြန်မာစကားကလည်း မပေါက်တာများတယ် တချိုကလေ။ စီစစ်နေတုန်းပဲခင်ဗျ တချို့ကလေ သက်ဆိုင်ရာ ကျောက်တော်တို့ ၊ မင်းပြားတို့ ကိုလှမ်းပြီးတော့ စီစစ်အတည်ပြုနေတုန်းပဲခင်ဗျ။”

အလားတူ ကရင်ပြည်နယ် မြဝတီမြို့နယ်မြို့နယ်အတွင်းမှာ ထိုင်းနိုင်ငံကနေတဆင့် တရားမဝင်ခိုးဝင်လာတဲ့ ဘင်္ဂါလီ (၂၆)ဦးကို အောက်တိုဘာ(၁၃) (၁၄)ရက်နေ့တွေမှာဖမ်းဆီးရရှိခဲ့တယ်လို့ မြဝတီမြို့မရဲစခမ်းတာဝန်ရှိသူတဦးက အခု လိုအတည်ပြုပြောဆိုပါတယ်။

“ ၁၃ ရက်နေ့တုန်းက ထွန်းလင်း (ခေါ်) လတီးမနားက ၂၀ ယောက် အဲဒီ ၂၀ ယောက်ကို လဝက အက် ၁၃ (၁ )နဲ့ အရေးယူထားတယ်။ ၁၄ ရက်နေ့က မနိုချက်ကူးမား က ၆ ယောက် သူတို့ကလိုလည်း လဝက အက် ၁၃ (၁ )နဲ့ အရေးယူထားတယ်။ ဒီလိုပဲ တဖက်နိုင်ငံကနေပြီးတော့ တရားမဝင် ဝင်ရောက်လာတာဗျ။”

လက်ရှိတရားမဝင်ခိုးဝင်လာတဲ့အဖမ်းဆီးခံရသူတွေကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)အရ အရေးယူထားတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက ရခိုင်ပြည်နယ်အတွင် းဆူပူအကြမ်းဖက်မှုတွေဖြစ်ပွါးခဲ့ သလို တပ်မတော် ကနေ နယ်မြေစိုးမိုးရေးနဲ့လုံခြုံရေးယူနေရတဲ့အခြေအနေမှာရှိနေပါတယ်။

ရခိုင်ပြည်နယ်အရေးအခင်းဖြစ်လာတဲ့နောက်ပိုင်း ခရီးသွားလာရေးမှာစစ်ဆေးမှုတွေရှိလာခဲ့သလို အထူးသဖြင့် မူဆလင်နွယ်ဖွါးတွေခရီးသွားလာမှုအပေါ် စစ်ဆေးမှုများလာတယ်လို့ ခရီးသည်တဦးကပြောပါတယ်။

“စိစစ်တာကတော့ မနေ့ညကနေ ရန်ကုန်က မော်လမြိုင်ကိုလာတာလေ ၂ ခါလောက် ကားပေါ်မှာ တက်စစ်တယ်။ သူတို့ စစ်တဲ့နေရာက မြို့အထွက် တိုးဂိတ်တွေမှာ ။ တိုးဂိတ်ကျော်တာနဲ့ ရဲကားချထားတယ်။ ရဲကားက စပယ်ယာ ဆီကနေပြီးတော့ မှတ်ပုံတင်ဇယားကို တောင်းကြည့်တယ်။ တောင်းပြီးတော့ ကားပေါ်တက်လာပြီးတော့ အထူးသဖြင့် ကုလားတွေကိုမေးတယ်။ တချို့က ထောက်ခံစာနဲ့သွားတယ်လေ။ တချို့က မှတ်ပုံတင် ၃ ခေါက်ချိုးနဲ့ သွားတယ်။ သူတို့ကိုပဲမေးတယ် ကုလားတွေကိုမေးတာများတယ်။ ကျန်တဲ့လူတွေ ကိုတော့ မမေးပါဘူး။ ရခိုင်ဘက်က ပယောဂပဲလို့ ထင်တယ်လေ။”

အောက်တိုဘာလ(၉)ရက်နေ့က ရခိုင်ပြည်နယ်မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း တွေကို အကြမ်း ဖက် တိုက်ခိုက်ခံရအပြီး တပ်မတော်အနေနဲ့နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေသလို ဒေသခံတွေကလဲ နေရပ် ကနေတိမ်းရှောင်လာမှုတွေရှိနေပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေကို လိုက်လံရှင်းလင်းမှုတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက စိုးရိမ် မကင်းသဘောထားတွေ ပြောဆိုနေချိန်မှာ တရားဥပဒေနဲ့အညီ မျှမျှတတဆောင်ရွက်သွားမယ်လို့ မနေ့က နေပြည်တော်သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပရာမှာ အစိုးရတာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

အခုလိုအကြမ်းဖက်တိုက်ခိုက်ခံရအပြီး ဒေသတွင်းလုံခြုံရေးအရ ခရီးသွားလာရေးမှာ စစ်ဆေးမှုတွေတင်းကြပ် လာတဲ့အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG