သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် နေထိုင်သူတချို့ကို အမေရိကန်မှာဖမ်းဆီး


အမေရိကန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက တိုင်းပြည်တဝှမ်း ရာနဲ့ချီတဲ့ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို အခုသီတင်းပတ်အတွင်း ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့ပါတယ်။ အခုလို ဖမ်းဆီးတာဟာ မကြာသေးခင်က သမ္မတ Donald Trump က သမ္မတ အမိန့်ကြေညာချက်ကြောင့် မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

အခု ဖမ်းဆီးတဲ့သူတွေဟာ တရားမဝင် နေထိုင်တဲ့ ရာဇဝတ်သားတွေဖြစ်ကြောင်းနဲ့ ဒီဖမ်းဆီးမှုဟာ လုပ်ရိုးလုပ်စဉ်တခုဖြစ်ကြောင်း အမိမြေ လုံခြုံရေးဝန်ကြီးဌာန ပြောခွင့်ရ Gillian Christensen က The Washington Post သတင်းစာကို ပြောပါတယ်။ အများပြည်သူ လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တည်တန့်ခိုင်မြဲမှုကို ခြိမ်းချောက်မယ့်သူတွေကိုသာ ဖမ်းဆီးခြင်းဖြစ်ကြောင်း Christensen က ပြောပါတယ်။

အခု သီတင်းပတ်တပတ်လုံးမှာ Atlanta၊ Chicago၊ New York၊ Los Angeles တို့အပါအဝင် မြို့ပေါင်း ၆ မြို့မှာ ဝင်ရောက် စီးနှင်း ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာမှာ လူပေါင်း ၁၆၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

Los Angeles မြို့မှာ ဖမ်းဆီးမိသူ ၇၅% ကျော်ဟာ ရာဇဝတ်မှု ကျူးလွန်ထားသူတွေဖြစ်ပြီး သမ္မတ Trump ရဲ့ အမိန့်ကြေညာချက်နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဦးစီးဌာန ICE အဖွဲ့ရဲ့ ဖမ်းဆီး ပြန်ပို့ရေး Los Angeles ဒေသဆိုင်ရာ ညွန်ကြားရေးမှူး David Marin က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG