အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးအရာရှိ စတိဗ် မာရှယ်လ် (Steve Marshall) နဲ့ အဖွဲ့ဟာ ပဲခူးမြို့ ကိုသွားရောက်ပြီး အာဏာပိုင်တွေကို အဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ ကလေးစစ်သားဆိုင်ရာဥပဒေပါ အကြောင်းအရာတွေကို ဟောပြောပွဲလုပ်ခဲ့သလို ကလေးစစ်သားစုဆောင်းခံရရင် ILO ကိုတိုင်ကြားနိုင်ရေး အကူအညီပေးနေတဲ့ ပဲခူးမြို့က ရှေ့နေကြီးဦးအေးမြင့်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေနဲ့တွေ့ဆုံပြီး ကလေးစစ်သားတွေနဲ့ပတ်သက်လို့ ပညာရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ ဆွေးနွေးသွားခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။
ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး အိုင်အယ်လ်အိုရဲ့အကူအညီနဲ့ မိဘ ရင်ခွင် ပြန်လည်ရောက်ရှိလာတဲ့ကလေးတွေကို ပညာရေးနဲ့ အသက်မွေး ဝမ်းကျောင်းဆိုင်ရာကိစ္စတွေ လုပ်ပေးဖို့အတွက် အိုင်အယ်လ်အိုက ဆက်သွယ် ရေးအရာရှိ စတိဗ် မာရှယ်လ်ဟာ ပဲခူးမြို့က ရှေ့နေကြီး ဦးအေးမြင့်တို့နဲ့တွေ့ဆုံ ပြီး အချက်အလက်စုဆောင်းရေးတွေလုပ်ဖို့ ဆွေးနွေးသွားခဲ့တယ်လို့ဆိုပါတယ်။ သူ့အိမ်ကိုလာရောက်ပြီး ဆွေးနွေးခဲ့တဲ့အကြောင်းကို ပဲခူးမြို့က ရှေ့နေကြီး ဦးအေးမြင့်က အခုလိုပြောပြပါတယ်။
“တပ်ကနေ ပြန်လည်ရောက်ရှိလာတဲ့ကလေးတွေ ဆက်လက်ပညာသင်ကြားနိုင် ရေး၊ ဒါမှမဟုတ် ဆက်လက် ပညာ မသင်ကြားနိုင်တော့ဘူးဆိုရင်လဲ ဘ၀ ဖွံ့ဖြိုးရေးအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းကိုပို့ဖို့ UNICEF အဖွဲ့နဲ့ ပူးပေါင်း တိုင်ပင်ရေးပေါ့။ ကလေးတွေ ပညာသင်ကြားရေး၊ အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်တဲ့အထိ သင်ကြားတဲ့ ကုန်ကျ စရိတ်တွေ ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေးတယ်။ သူတို့ ကူညီဆောင်ရွက် ပေးဖို့ အစီအစဉ်တွေရှိတယ်။ ဒါကြောင့်မို့ ကလေးတွေရဲ့ နေရပ်လိပ်စာတွေပေါ့၊ အတိအကျကို ပြန်လည်ပြီးတော့ စာရင်းပြုစုပြီးတော့ ပို့ပေးပါပေါ့။
“မြန်မာနိုင်ငံမှာ သူတို့အတွေ့အကြံုံအရ နေရပ်လိပ်စာက မကြာခန ပြောင်းရွှေ့ နေတဲ့အတွက် လိပ်စာတွေ ပြောင်းလဲမှုရှိတဲ့အခါ မနည်းလိုက်ရှာရတယ် ဆိုတဲ့ အကြောင်း၊ နောက်တခါတိုင်ရင် အမြဲတမ်းဆက်သွယ်ရမယ့်လိပ်စာ၊ တဆင့် လိပ်စာ၊ ဖုန်းနံပါတ်တွေ ထည့်ပြီး တိုင်းကြားပေးဖို့အကြောင်းတွေလဲ မှာကြား တယ်။”
ဒါ့အပြင် ပဲခူးက အာဏာပိုင်တွေကိုလဲ ခေါ်ယူတွေ့ဆုံပြီး အိုင်အယ်လ်အိုက ဥပဒေတွေနဲ့ ကလေးစစ်သားစုဆောင်းမှုတွေ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေ မှုတွေ၊ လယ်မြေသိမ်းမှုတွေမဖြစ်အောင် ပညာပေး ဆွေးနွေးမူတွေလည်း လုပ်သွားတယ်လို့ဆိုပါတယ်။
“ဒီနေ့လာတာကတော့ ပဲခူးမှာ လက်ရှိ ပဲခူးအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ILO ရဲ့ ကလေးစစ်သား၊ အဓမ္မလုပ်အားပေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ သဘောတူ စာချုပ် ချုပ်ထားတဲ့ သဘောတရားတွေ၊ ကလေးစစ်သား၊ အဓမ္မလုပ်အားပေး တာတွေနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို လာပြောတာရယ်၊ ဥပဒေကို ရှင်းပြပြီး ဟောပြောပွဲလုပ်တယ်။
“သူတို့က ပဲခူးမြို့ပေါ်မှာရှိတဲ့ ခဝတ၊ မဝတ၊ နောက် ပြည်သူ့ရဲတပ်ဖွဲ့၊ ဥပဒေ အရာရှိ၊ တရားသူကြီးပေါ့ စတဲ့အရာရှိကြီးတွေကို ဟောပြောပို့ချခဲ့တယ်လို့ သူတို့ ပြောတယ်။”
အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ဆောင်ရွက်ရေးလုပ်နေတဲ့ အန်န်အယ်လ်ဒီ လူငယ် တွေကိုလည်း တွေ့ဆုံသွားခဲ့တယ်လို့ဆိုပါတယ်။ အန်န်အယ်လ်ဒီလူငယ်တဦး ဖြစ်တဲ့ ကိုနေဝင်း ပြောပြတာကတော့ -
“ကျနော်တို့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တဲ့ အခွင့်အရေးတွေ ပိုရလာ တာပေါ့လေ။”
နောက်ထပ်လူငယ်တဦးကလည်း အခုလိုပြောပါတယ်။
“ကျနော်တို့က အမြဲတမ်း စတိဗ် မာရှယ်လ်နဲ့ တွေ့နေကျပဲလေ။ အခုလို လာတဲ့ အခါကျတော့ ကျနော်တို့လဲ အားရှိသွားတာပေါ့။ သူ့အနေနဲ့ ကျနော်တို့ကို သီးသန့် တွေ့ဆုံမယ်ဆိုတော့ ကျနော်တို့ အရမ်းအံ့သြသွားတာပေါ့။”
Steve Marshall လာရောက်တဲ့အတွက် အဓိက အကျိုးသက်ရောက်မူကတော့ အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ဆောင်ရွက်သူတွေကို အရေးယူလို့မရဘူးဆိုတာ အာဏာပိုင်တွေဘက်က ပိုမိုသိရှိသွားမယ်လို့ ယူဆကြောင်းတွေကိုလည်း ပြောသွားပါတယ်။ သူတု့ိအနေနဲ့ ကလေးစစ်သားတွေအတွက် ပြန်လည် ပြုစုပျိုးထောင်နိုင်ရေး နေရပ်လိပ်စာတွေစံုံစမ်းပြီး စာရင်းတွေကို ကောက်ခံသွား မယ်လို့လဲ စတိဗ်မာရှယ်လ်နဲ့ တွေဆုံခဲ့တဲ့လူငယ်တွေက ပြောပါတယ်။