သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း အလုပ်လက်မဲ့ဦးရေ အခုနှစ်မှာ ၃ သန်း ထပ်တိုးနိုင် (ILO)


အမေရိကန်ပြည်ထောင်စု ကန်တာကီပြည်နယ်က အလုပ်အကိုင်စင်တာရှေ့ တန်းစီစောင့်ဆိုင်းနေတဲ့ အလုပ်လက်မဲ့နေသူများ (ဇွန် ၁၈၊ ၂၀၂၀)
အမေရိကန်ပြည်ထောင်စု ကန်တာကီပြည်နယ်က အလုပ်အကိုင်စင်တာရှေ့ တန်းစီစောင့်ဆိုင်းနေတဲ့ အလုပ်လက်မဲ့နေသူများ (ဇွန် ၁၈၊ ၂၀၂၀)

ကမ္ဘာ့ အလုပ်လက်မဲ့ လူဦးရေ က ဒီနှစ် ၃ သန်း ထပ်တိုးလာမှာဖြစ်တာကြောင့် စုစုပေါင်း ၂၀၈ သန်း ရှိပြီး ၂၀၂၄ မှာလည်း အလားတူ ဖြစ်လိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ကြီး ILO က ပြောပါတယ်။ လုပ်ငန်းခွင် အခြေအနေရော၊ အလုပ် အရေအတွက် နဲ့ အရည်အသွေးပါ ဆိုးဝါးလာလိမ့်မယ်လို့ ILO ရဲ့ အလုပ်အရည်အသွေး ဆိုင်ရာ ညွှန်ကြားရေးမှူး Manuela Tomei က ပြောပါတယ်။

“ဝင်ငွေနည်း နဲ့ အလယ်အလတ် ဝင်ငွေ ရှိတဲ့ တိုင်းပြည်တွေ က အလုပ်သမားတွေ အထိနာဆုံး ဖြစ်ကြပါလိမ့်မယ်” လို့ မစ္စ တိုမီ က ပြောသွားတာပါ။ စားဝတ်နေ‌‌ရေး စားရိတ်စားခ အကျပ်အတည်းကြောင့် လူတွေ ပို ဆင်းရဲသွားကြလိမ့်မယ် လို့လည်း ILO ရဲ့ အစီရင်ခံစာ က ဆိုပါတယ်။ လုပ်ခတွေ က နည်းသွားသလို၊ လုပ်ငန်းခွင် အခြေအနေကလည်း ဆိုးလာတာ ကြုံကြရလိမ့်မယ်လို့ ILO က ပြောပါတယ်။ အစီရင်ခံစာအရဆိုရင်တော့ အလုပ်တွေကလည်း တရားဝင် သတ်မှတ်ချက်တွေ ကို မလိုက်နာကြတဲ့ စီးပွါးရေး နယ်ပယ် မှာ ဖြစ်နေကြတာ ကို တွေ့ကြရမှာပါ။ အထူးသဖြင့် အသက် ၁၅ နှစ်ကနေ ၂၄ နှစ်ကြား လူငယ်တွေအဖို့ အလုပ်ရှာရတာ အတော်ကြီး ခက်ခဲကြလိမ့်မယ်လို့ အစီရင်ခံစာ က ပြောပါတယ်။ အဲဒီ အခက်အခဲ ကို ယောကျ်ားလေးတွေထက် လူငယ် မိန်းခလေးတွေ က ပိုပြီး ရင်ဆိုင်ကြရမယ်လို့လည်း ILO က ပြောပါတယ်။ စီးပွါး က နည်းနည်းပဲ တက်ပြီး၊ ကုန်ဈေးနှုန်းတွေ က မတန်တဆ ကြီးမားနေတဲ့ စီးပွါးရေး အခြေအနေကြောင့် ထုတ်လုပ်ရေး တက်လာဖို့ရော၊ အလုပ်သမား ဈေးကွက် နာလန်ထဖို့အတွက်ပါ ခက်ခဲပါမယ်လို့ ILO အစီရင်ခံစာ က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]




XS
SM
MD
LG