သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ လုပ္ငန္းခြင္တြင္း အၾကမ္းဖက္ဖိႏွိပ္မႈေတြ တားဆီးဖို႔ ILO ေတာင္းဆို


ILO

= =[[ Zawgyi ]]= =

ျမန္မာႏိုင္ငံမွာ လုပ္ငန္းခြင္တြင္း အၾကမ္းဖက္ဖိႏွိပ္မႈေတြ တားဆီးဖို႔ ILO ေတာင္းဆို

ျမန္မာႏုိင္ငံမွာ လုပ္ငန္းခြင္တြင္း အၾကမ္းဖက္ ခံရမႈေတြနဲ႔ ၿခိမ္းေျခာက္ ေႏွာက္ယွက္မႈေတြကို လုပ္ငန္းရွင္ေတြ တားဆီးဟန္႔တား အေရးယူဖို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖဲြ႕ခ်ဳပ္ ILO က တိုက္တြန္းလိုက္ပါတယ္။

“ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း၊ လုပ္ငန္းခြင္မွာ အၾကမ္းဖက္ခံရမႈေတြနဲ႔ ၿခိမ္းေျခာက္ေႏွာက္ယွက္မႈေတြ ပိုမ်ားလာတဲ့ သတင္းေတြကို ILO က လက္ခံရရွိထားပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က ေသာၾကာေန႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆုိသြားတာပါ။

လုပ္ငန္းခြင္မွာ အၾကမ္းဖက္ခံရမႈေတြနဲ႔ ၿခိမ္းေျခာက္ေႏွာက္ယွက္မႈေတြဟာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ ျဖစ္သလို၊ က်န္းမာေရး၊ လူ႔ဂုဏ္သိကၡာနဲ႔ အလုပ္ခြင္ကလူေတြရဲ႕ သာယာ၀ေျပာမႈေတြကို ထိခိုက္ေစပါတယ္လို႔လည္း ေျပာပါတယ္။ တန္းတူအခြင့္အေရးကိုလည္း ထိခိုက္ေစသလို လက္ခံႏိုင္စရာမရွိပဲ သင့္တင့္ေလ်ာက္ပတ္တဲ့ လုပ္ငန္းခြင္အျဖစ္ မသတ္မွတ္ႏိုင္ေၾကာင္းလည္း ILO ရဲ႕ ထုတ္ျပန္ခ်က္ကို ကိုးကားေျပာဆိုသြားပါတယ္။

လိင္ကဲြျပားမႈအေပၚ အေျခခံတဲ့ အၾကမ္းဖက္မႈေတြကို တိုက္ဖ်က္ေရး ၁၆ ရက္ၾကာ လႈပ္ရွားမႈ အစီအစဥ္ တစိတ္တပိုင္းအျဖစ္ တိုက္တြန္းလိုက္တဲ့ ILO ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ကိုဗစ္ကပ္ေရာဂါကာလ ကမာၻတလႊားက လုပ္ငန္းခြင္ေတြမွာ အၾကမ္းဖက္ခံရမႈေတြနဲ႔ ျခိမ္းေျခာက္ေႏွာက္ယွက္မႈေတြ တိုးလာေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ အထူးသျဖင့္ အမ်ဳိးသမီးေတြ၊ အားႏြဲ႔သူေတြဟာ အၾကမ္းဖက္ေႏွာက္ယွက္မႈေတြနဲ႔ ပိုၿပီးရင္ဆိုင္ၾကရတယ္လို႔လည္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

= ={{ Unicode }}= =

မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်တွင်း အကြမ်းဖက်ဖိနှိပ်မှုတွေ တားဆီးဖို့ ILO တောင်းဆို

မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်တွင်း အကြမ်းဖက် ခံရမှုတွေနဲ့ ခြိမ်းခြောက် နှောက်ယှက်မှုတွေကို လုပ်ငန်းရှင်တွေ တားဆီးဟန့်တား အရေးယူဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ လုပ်ငန်းခွင်မှာ အကြမ်းဖက်ခံရမှုတွေနဲ့ ခြိမ်းခြောက်နှောက်ယှက်မှုတွေ ပိုများလာတဲ့ သတင်းတွေကို ILO က လက်ခံရရှိထားပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

လုပ်ငန်းခွင်မှာ အကြမ်းဖက်ခံရမှုတွေနဲ့ ခြိမ်းခြောက်နှောက်ယှက်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်သလို၊ ကျန်းမာရေး၊ လူ့ဂုဏ်သိက္ခာနဲ့ အလုပ်ခွင်ကလူတွေရဲ့ သာယာဝပြောမှုတွေကို ထိခိုက်စေပါတယ်လို့လည်း ပြောပါတယ်။ တန်းတူအခွင့်အရေးကိုလည်း ထိခိုက်စေသလို လက်ခံနိုင်စရာမရှိပဲ သင့်တင့်လျောက်ပတ်တဲ့ လုပ်ငန်းခွင်အဖြစ် မသတ်မှတ်နိုင်ကြောင်းလည်း ILO ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြောဆိုသွားပါတယ်။

လိင်ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရေး ၁၆ ရက်ကြာ လှုပ်ရှားမှု အစီအစဉ် တစိတ်တပိုင်းအဖြစ် တိုက်တွန်းလိုက်တဲ့ ILO ရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုဗစ်ကပ်ရောဂါကာလ ကမ္ဘာတလွှားက လုပ်ငန်းခွင်တွေမှာ အကြမ်းဖက်ခံရမှုတွေနဲ့ ခြိမ်းခြောက်နှောက်ယှက်မှုတွေ တိုးလာကြောင်းလည်း ဖော်ပြထားပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ အားနွဲ့သူတွေဟာ အကြမ်းဖက်နှောက်ယှက်မှုတွေနဲ့ ပိုပြီးရင်ဆိုင်ကြရတယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG