သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF ကို ဘယ်သူ ဆက်လက် ဦးစီးသင့်သလဲ


IMF ကို ဘယ်သူ ဆက်လက် ဦးစီးသင့်သလဲ

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ဟိုတယ်တခုမှာ ၀န်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုလုပ်ပြီး အဓမ္မကြံဖို့ ကြံစည်မှုနဲ့ တရားစွဲခံထားရတဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အကြီးအကဲဟောင်း ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) ဟာ IMF ကနေ နှုတ်ထွက်သွားရပြီးနောက် သူ့ရဲ့နေရာမှာ ဘယ်သူ့ကို အစားထိုး ခန့်အပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အချေအတင် ဆွေးနွေးနေကြရပါပြီ။

ထုံးစံအရဆိုရင် IMF အကြီးအကဲဟာ ဥရောပတိုက်သား ဖြစ်ရပါတယ်။ အမေရိကန် နိုင်ငံသားကို ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌအဖြစ် ခန့်အပ်မယ်၊ IMF အကြီးအကဲကို ဥရောပတိုက်သား ခန့်အပ်မယ်ဆိုတဲ့ ကတိ ရှိပါတယ်။

IMF ဟာ ဥရောပက ကြွေးမြီ ပဋိပက္ခကို ဖြေရှင်းရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိလို့ ဥရောပက ကိစ္စရပ်တွေကို သေချာ နားလည်သူပဲ IMF ရဲ့ အကြီးအကဲ ဖြစ်ရမယ်လို့ ဥရောပ အရာရှိတွေက ပြောကြပါတယ်။

ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးက သူ့နေရာမှာ အစားထိုးဖို့ ထိပ်ဆုံးက ပြေးနေသူ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေက အရာရှိတွေကတော့၊ ဥပမာ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးလိုမျိုး စီးပွားရေး အရှိန်ကောင်းတဲ့ နိုင်ငံတွေက သူကို IMF ကို ခေါင်းဆောင်သင့်တယ်လို့ ပြောနေကြပါတယ်။

မစ္စတာ စထရော့စ်ခန်းဟာ မနေ့က တရားရုံးက အာမခံ ရသွားပါတယ်။ သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း အာဏာပိုင်တွေ လက်ထဲမှာ အပ်ထားရပြီး သူ့ကို စောင့်ကြည့်နိုင်တဲ့ အီလက်ထရောနစ် ကိရိယာလည်း တပ်ဆင်ထားရပါတယ်။

ဒါပေမဲ့ တရားလို ရှေ့နေတွေကတော့ သူဟာ ငွေကြေးလည်း တတ်နိုင်၊ အဆက်အသွယ်လည်း ရှိတာမို့ ဒီနိုင်ငံကနေ ထွက်သွားနိုင်တယ် ဆိုပြီးတော့ သူ့ကို အာမခံပေးတာ ကန့်ကွက်နေကြပါတယ်။

XS
SM
MD
LG