သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF အကြီးအကဲဟောင်းကို အာမခံနဲ့ လွှတ်ပေး

IMF အကြီးအကဲဟောင်းကို အာမခံနဲ့ လွှတ်ပေး
IMF အကြီးအကဲဟောင်းကို အာမခံနဲ့ လွှတ်ပေး

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲဟောင်း ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) ဟာ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရက်အတော်ကြာ ဖမ်းဆီးခံခဲ့ရပြီးနောက် အခုအခါ နယူးယောက်မြို့ အချုပ်ခန်းက အာမခံနဲ့ လွတ်လာပါတယ်။

ဒေါ်လာ ၁,၀၀၀,၀၀၀ ငွေသားအပြင် ၅,၀၀၀,၀၀၀ တန် စာချုပ်နဲ့ အာမခံခဲ့ပြီးတဲ့နောက် နယူးယောက် တရားရုံး တရားသူကြီးက မနေ့တုန်းကပဲ လွှတ်ပေးလိုက်တာပါ။

နယူးယောက်မြို့ မန်ဟက်တန်ရပ်ကွက်မှာ ယာယီနေထိုင်ဖို့ အတွက်လည်း ပြည်နယ် တရားရုံးချုပ် တရားသူကြီး မိုက်ကယ် အိုဘပ်စ် (Michael Obus) က ညွှန်ကြားထားတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အစောင့်တွေနဲ့အတူ အီလက်ထရောနစ် ကိရိယာ တပ်ဆင်ပြီး သူ့ကို စောင့်ကြည့်သွားမှာလည်း ဖြစ်ပါတယ်။

IMF အဖွဲ့ အကြီးအကဲဟောင်းဟာ အရင်တပတ်ထဲ နယူးယောက်မြို့က ဟိုတယ်တခုမှာ အမျိုးသမီး ဝန်ထမ်းတဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးပမ်းမှုနဲ့ စွပ်စွဲခံခဲ့ရတာပါ။

သူ့ကို တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် ဆယ်စုနှစ်နဲ့ချီပြီး ထောင်ဒဏ်အပြစ် ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပေမဲ့ သူကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားတာပါ။

ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီးဟောင်း တဦးဖြစ်ပြီး မကြာခင် ပြင်သစ်သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ဖို့ ကြေညာလိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့ မစ္စတာ စထရော့စ်ခန်းဟာ ဖမ်းဆီးခံခဲ့ရပြီး ဒီတပတ် အစောပိုင်းမှာပဲ သူတာဝန်ယူထားတဲ့ IMF အကြီးအကဲ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG