သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး ကြံ့ခိုင်လို့ IMF သုံးသပ်


ကမ္ဘာ့စီးပွားရေးဟာ စိန်ခေါ်မှုတွေကြားမှာကိုပဲ မျှော်လင့်ထားတဲ့ထက် ပိုပြီးခိုင်မာကြံ့ခိုင်နေတာကို တွေ့ရတယ်လို့ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva က ပြောပါတယ်။ တရုတ်သတင်းဌာန CMG နဲ့ သောကြာနေ့က မေးမြန်းခန်းမှာ IMF ဦးဆောင်ညွှန်ကြားရေးမှူးက အခုလို ပြောသွားတာပါ။

“ကိုဗစ်ကပ်ဘေး၊ ယူကရိန်းစစ်ပွဲနဲ့ အတိုးနှုန်းတွေ တက်စေခဲ့တဲ့ ငွေကြေးဖောင်းပွမှု ပြဿနာတွေ ကြားမှာကိုပဲ ကမ္ဘာ့စီးပွားရေးဟာ သိသိသာသာ ဆက်ပြီးကြံ့ခိုင်နေပါတယ်။ ပြီးခဲ့တဲ့ တနှစ်လောက်က ခန့်မှန်းခဲ့တာထက်တောင် ပိုပြီးအားကောင်းနေတာကို ကျမတို့ တွေ့နေရပါတယ်။” လို့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva က ပြောသွားတာပါ။

အဓိက ကဏ္ဍကြီး ၂ ခုက အချက်အလက်တွေကို အသေးစိတ်လေ့လာစမ်းစစ်ပြီး ကမ္ဘာ့စီးပွားရေး အခြေအနေကို သုံးသပ် လေ့လာခဲ့တာလို့လည်း သူက ပြောပါတယ်။ စားသုံးသူတွေရဲ့ ဝယ်လိုအား ဆက်လက်အားကောင်းနေဆဲ ဖြစ်တာနဲ့၊ အစိုးရတွေအနေနဲ့ အသုံးစရိတ်ချွေတာရေးတွေ အစီအစဉ်လုပ်စရာ မလိုတာကို သူက ထောက်ပြပါတယ်။

ဒါ့အပြင် စီးပွားရေးအားကောင်းတဲ့ နိုင်ငံကြီးတွေက အခြေအနေကို ကြည့်တဲ့အခါမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေပြီး ဝင်ငွေအတန်အသင့် ရှိနေတာတွေက စီးပွားရေး ဖွံ့ဖြိုးမှုကောင်းမွန်တဲ့ အချက်အလက်တွေအဖြစ် ထောက်ပြပါတယ်။ ဒီလို အားကောင်းတဲ့အချက်တွေ ရှိတယ်ဆိုပေမဲ့လည်း အခုချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေအတွက် စီးပွားရေးအရ စိန်ခေါ်မှုတွေလည်း သိသိသာသာ ဆက်ရှိနေတဲ့အကြောင်း IMF အကြီးအကဲက သတိပေးပြောဆိုခဲ့ပါတယ်။

Forum

XS
SM
MD
LG