သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အရေးတကြီး လိုအပ်


နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde ဟာ ၂ ရက်တာ တရုတ်ပြည်ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်လိုက်ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးမူဝါဒတွေကို ချီးကျူးသွားပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထမှုနဲ့ ပတ်သတ်ပြီး သတိပေး ပြောဆိုသွားပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ ချောက်ကမ်းပါးထဲ ကျခါနီးအခြေအနေကနေ နောက်ပြန် ဆုတ်လာပြီဆိုပေမဲ့ ဘဏ္ဍာရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေသေးတယ်လို့ အခမ်းအနား တက်ရောက်လာတဲ့ စီးပွားရေးခေါင်းဆောင်တွေ၊ အရာရှိတွေနဲ့ ပီကင်းမြို့တော်မှာ ပြောဆိုသွားပါတယ်။

ဥရောပ ခေါင်းဆောင်တွေအနေနဲ့ နိုးနိုးကြားကြား ရှိကြဖို့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို မှန်မှန်အကောင်အထည်ဖော်ရေး အာရုံစိုက် လုပ်ဆောင်သွားဖို့ နဲ့ ဂရိနိုင်ငံက စီးပွားရေး အခြေအနေကို သေချာ စောင့်ကြည့်ကြဖို့လည်း ပြောသွားပါတယ်။

တရုတ်နိုင်ငံဟာ မသေချာမရေရာတဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေထဲမှာ လင်းလက်နေတဲ့ နေရာလေးတခု ဖြစ်ပါတယ်၊ တရုတ်နိုင်ငံဆီကသာ စီးပွားဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်မှုတွေ မရဘူးဆိုရင် ကမ္ဘာ့စီးပွားရေး အခြေအနေက အများကြီး ပိုဆိုးမယ်လို့ မစ္စ Lagardes က ပြောသွားပါတယ်။

တရုတ်အနေနဲ့ ကမ္ဘာ့မူဝါဒ ဆွေးနွေးမှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်ပြီးရပ်တည်သွားဖို့၊ တရုတ်စီးပွားရေး အသွင်ကူးပြောင်းမှု အရှိန်မြင့်အောင် ဆက်ပြီး အားထုတ် လုပ်ဆောင်သွားဖို့လည်း သူက တိုက်တွန်းသွားပါတယ်။ မစ္စ Lagardes က သူ တရုတ်နိုင်ငံကို ရောက်ရှိနေခိုက်မှာ တရုတ် ဒုဝန်ကြီးချုပ် Wang Qishan၊ တရုတ် ပြည်သူ့ဘဏ် အုပ်ချုပ်ရေးမှူး Zhou Xiaochuan နဲ့ တခြား အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG