သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စီးပွားရေး ပညာရှင်ကို IMF ဒု-အကြီးအကဲ ခန့်


တရုတ် စီးပွားရေး ပညာရှင်ကို IMF ဒု-အကြီးအကဲ ခန့်
တရုတ် စီးပွားရေး ပညာရှင်ကို IMF ဒု-အကြီးအကဲ ခန့်

တရုတ်နိုင်ငံသား စီးပွားရေး ပညာရှင်ကို IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ဒုတိယ အကြီးအကဲအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားရေး နယ်ပယ်မှာ အင်အားကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို အသိအမှတ် ပြုလိုက်တာလည်း ဖြစ်ပါတယ်။

IMF ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဖြစ်နဲ့ ဇူမင်း (Zhu Min) ကို အင်္ဂါနေ့မှာ ခန့်အပ်လိုက်တာပါ။ အလားတူပဲ အမေရိကန် သမ္မတ အိမ်ဖြူတော် အရာရှိ ဒေးဗစ် လစ်ပ်တန် (David Lipton) ကိုလည်း IMF ရဲ့ နံပါတ် ၂ လက်ထောက်ရာထူးကို ခန့်အပ်လိုက်ပါတယ်။

ဒီရာထူး ခန့်အပ်မှုတွေဟာ IMF အကြီးအကဲ ခရစ်စ်တင်း လာဂါ့ဒ် (Christine Lagarde) ရဲ့ ပထမဆုံး ခန့်အပ်မှုတွေ ဖြစ်ပါတယ်။ လာဂါ့ဒ်ကတော့ IMF ရုံးကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာပဲ ရောက်လာခဲ့တာဖြစ်ပြီး ထွန်းသစ်စ စီးပွားရေး နိုင်ငံတွေ ပိုမို လုပ်ပိုင်ခွင့်ရအောင် စွမ်းဆောင်သွားမယ်လို့ ကတိပေးထားပါတယ်။

ဇူမင်းဟာ အရင် IMF အကြီးအကဲ ဒိုမိနစ် စထရော့စ်ခန်း (Dominique Strauss-Kahn) ရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ဗဟိုဘဏ်နဲ့ ကမ္ဘာ့ဘဏ်တို့မှာလည်း တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။

အရင် IMF အကြီးအကဲ ဒိုမိနစ် စထရော့စ်ခန်းကတော့ နယူးယောက် ဟိုတယ်တခုက အမျိုးသမီးဝန်ထမ်း တဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရပြီးတဲ့နောက်မှာ ရာထူးက အနားယူသွားခဲ့တာပါ။ အဲဒီ စွပ်စွဲချက်တွေကို သူ့ဘက်က ငြင်းဆိုထားပါတယ်။

XS
SM
MD
LG