သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF အကြီးအကဲသစ် အာဏာအလွဲသုံးမှု ပြင်သစ် စစ်ဆေး


미국의 핵 추진 항공모함인 '니미츠호'(9만7천t급)가 지난 13일 동해에서 진행된 미한연합훈련에 참가하기 위해 부산 해군기지를 떠나고 있다.

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲ ခရစ်စ်တင်း လာဂ့ါ (Christine Lagarde) ဟာ ပြင်သစ်နိုင်ငံရဲ့ ဘဏ္ဍာရေး ၀န်ကြီးအဖြစ် တာဝန်ယူစဉ်က ဖြေရှင်းခဲ့တဲ့ အမှုတခုမှာ အာဏာအလွဲသုံးစား လုပ်ခဲ့မှု ရှိမရှိ စုံစမ်းစစ်ဆေးသွားဖို့ ပြင်သစ် တရားရုံးတခုက ဆုံးဖြတ်လိုက်ပါတယ်။

အတိုက်အခံ ဆိုရှယ်လစ်ပါတီက အမတ်တွေရဲ့ တိုင်တန်းချက်တွေကို သုံးသပ်ပြီးတဲ့နောက် ဘဏ္ဍာရေး ၀န်ကြီးဟောင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ နိုင်ငံတော် တရားစီရင်ရေး ခုံရုံးအဖြစ် ထင်ရှားတဲ့ အထူးတရားခွင်က ကြာသပတေးနေ့မှာ အမိန့်ထုတ်ပြန်လိုက်တာပါ။

ပြင်သစ်နိုင်ငံသား သူကြွယ်ကြီး တဦးဖြစ်တဲ့ ဘားနာ့ဒ် တာပီ (Bernard Tapie) နဲ့ နိုင်ငံပိုင်ဘဏ်တို့အကြား ကာလကြာရှည် အချေအတင် ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ၂၀၀၇ ခုနှစ်မှာတုန်းက ကြားဝင်ဆုံးဖြတ်တဲ့ ပုဂ္ဂလိက အဖွဲ့တခုကို လုပ်ပိုင်ခွင့် ပေးရာမှာ အာဏာအလွဲသုံးစား လုပ်ခဲ့တယ်လို့ ဆိုရှယ်လစ် ဥပဒေပြု အမတ်တွေက စွပ်စွဲထားတာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ကြားဝင်ဖြေရှင်းပေးတဲ့ အဖွဲ့က ပြင်သစ်သမ္မတ နိကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) ရဲ့ မိတ်ဆွေလည်းဖြစ်တဲ့ သူဌေးကြီးကို ပြည်သူပိုင် အခွန်ငွေတွေထဲက ဒေါ်လာသန်း ၄၀၀ နဲ့ နစ်နာကြေးပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

တရားလို ရှေ့နေတွေကတော့ ဘဏ္ဍာရေး ၀န်ကြီးဟောင်းဟာ အထောက်အထား စာရွက်စာတမ်းတွေကို မမှန်မကန် ဖော်ပြရာမှာ ဆက်နွယ်မှုတွေနဲ့ အများပိုင်ငွေကို ကိုယ်ကျိုးအတွက်ရဖို့ ကြိုးပမ်းခဲ့တယ်လို့ သံသယဖြစ်ဖွယ် ရှိတဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဘဏ္ဍာရေး ၀န်ကြီးဟောင်းကတော့ မမှန်မကန် ဆောင်ရွက်တာ မရှိဘူးလို့ ငြင်းဆန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေဟာ IMF တာဝန်တွေကို ထိခိုက်စရာအကြောင်း မရှိဘူးလို့လည်း သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောခဲ့တာပါ။

IMF အုပ်ချုပ်ရေး အဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရပေမဲ့လည်း မစ်စ် လာဂါ့ အနေနဲ့ အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး တာဝန်တွေကို ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ထားတဲ့အကြောင်း ပြောပါတယ်။

XS
SM
MD
LG