သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုကြောင့် နှစ်စဉ် ဒေါ်လာ သန်းပေါင်း ၂ သန်းကျော် ဆုံးရှုံး


France China
France China

လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် ကမ္ဘာ့စီးပွားရေးမှာ နှစ်စဉ် ဒေါ်လာ သန်းပေါင်း ၂ သန်းထက်မနည်း ဆုံးရှုံးနေရပြီး၊ တကယ်တော့ ဒီငွေတွေကို ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ အလုပ်အကိုင် ဖန်တီးပေးရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတွေမှာ သုံးစွဲနိုင်ပါတယ်။

IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီးက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ်ထဲမှာ - နှစ်စဉ် လာဘ်ပေးလာဘ်ယူမှုကြောင့် ဆုံးရှုံးရတဲ့ ငွေပမာဏဟာ ကမ္ဘာတဝှမ်း GDP တန်ဖိုးရဲ့ ၂% ရှိတယ်လို့ ပြောဆိုခဲ့တာပါ။

အကျင့်ပျက်ခြစားမှုဟာ စီးပွားရေးကို တိုက်ရိုက် ထိခိုက်နစ်နာစေတယ်ဆိုတာ ထင်ရှားပေမဲ့ - တိုက်ရိုက်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ဖွံ့ဖြိုးမှုနှေးကွေးမှုတွေ၊ ဝင်ငွေ မညီမျှမှုတွေကိုလည်း ဖြစ်ပေါ်စေတယ်လို့ - IMF အဖွဲ့ရဲ့ အကြီးအကဲ ခရစ္စတင်း လာဂတ် က ပြောဆိုခဲ့ပါတယ်။

အစိုးရတွေအပေါ် ယုံကြည်မှုတွေ လျော့ပါးစေသလို၊ ပုဂ္ဂလိက နိုင်ငံသားတွေရဲ့ စာရိတ္တကိုလည်း ပျက်ပြားစေတယ်လို့လည်း ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့တာပါ။

ရင်းနှီးမြှုပ်နှံသူတွေဟာ ရိုးသားဖြောင့်မတ်တဲ့ စာရင်းမှာ ထိပ်ဆုံးက ရှိတဲ့ အစိုးရတာဝန်ရှိသူတွေရှိရာ တိုင်းပြည်တွေကို ရှာဖွေလေ့ ရှိကြသလို၊ အမြဲတမ်း လာဘ်ပေးနေရတာတွေကို မလိုလားကြဘူးလို့လည်း IMF အဖွဲ့ အကြီးအကဲ ခရစ္စတင်း လာဂတ် က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG