သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMFဥက္ကဋ္ဌရာထူး ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး အလားအလာကောင်း


ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ခရစ်စ်တင်း လာဂ့ါ။ မေ ၂၄၊ ၂၀၁၁။
ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ခရစ်စ်တင်း လာဂ့ါ။ မေ ၂၄၊ ၂၀၁၁။

IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌဟာ ဒီတကြိမ်မှာ ဥရောပတိုက်သား မဟုတ်သူ တဦးဦး ဖြစ်သင့်တယ်ဆိုတဲ့ တောင်းဆိုချက်တွေ ရှိနေပေမဲ့ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ခရစ်စ်တင်း လာဂါ့ (Christine Lagarde) ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်ပါတယ်။

နယူးယောက်မှာ လိင်စော်ကားမှုအတွက် ရင်ဆိုင်စရာရှိလို့ နှုတ်ထွက်သွားရတဲ့ ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) ရဲ့ လစ်လပ်သွားတဲ့ အဲဒီရာထူးအတွက် စဉ်းစားရာမှာ လာဂ့ါဟာ ထိပ်တန်းက ပြေးနေပါတယ်။

ဂျာမဏီဝန်ကြီးချုပ် အန်ဂျလာ မာကဲလ် (Angela Merkel) အစရှိတဲ့ ဥရောပ ခေါင်းဆောင်တွေကတော့ နိုင်ငံတကာ ငွေကြေးအဖွဲ့ကြီးဖြစ်တဲ့ IMF ဟာ ဂရိ၊ အိုင်ယာလန်၊ ပေါ်တူဂီ စတဲ့နိုင်ငံတွေရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းနေရချိန် ဖြစ်တဲ့အတွက် အကြီးအကဲအဖြစ် ဥရောပတိုက်သားတဦး လိုချင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောဆိုနေပါတယ်။

ဒါပေမဲ့ ထွန်းသစ်စ စီးပွားရေး အင်အားကြီး နိုင်ငံတွေကတော့ IMF ကို ဥရောပ တိုက်သားတွေချည်းပဲ ဆယ်စုနှစ်များစွာ အုပ်စီးလာတဲ့ ကိစ္စကို ဝေဖန်နေကြတာပါ။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတို့ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာတော့ IMF အကြီးအကဲ ရာထူးဟာ ဥရောပတိုက်ကသာ ဖြစ်ရမယ်ဆိုတဲ့ အစဉ်အလာဟောင်းကို အဆုံးသတ်သင့်ပြီလို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG