သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံပေါင်း ၂၀ က ဘဏ္ဍာရေးဝန်ကြီးတွေ၊ ဗဟိုဘဏ် ဥက္ကဋ္ဌတွေကြား နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့နဲ့ ငွေကြေးဆိုင်ရာ စစ်ပွဲတွေ ဖြစ်ပွားမယ့် အန္တရာယ်ကို တားဆီးဖို့ သမိုင်းတွင်မယ့် စီးပွားရေး သဘောတူညီချက်တရပ် ရရှိခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့က စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံပေါင်း ၂၀ (G-20) အဖွဲ့ရဲ့ ဒုတိယနဲ့ နောက်ဆုံးနေ့ အဖြစ် စနေနေ့ကပဲ သဘောတူညီချက်ကို ကြေညာလိုက်တာပါ။

အခုနောက်ဆုံး သဘောတူညီချက်အရ IMF အဖွဲ့ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ ၂၄ နေရာထဲက ၉ နေရာကို ဥရောပက ဖယ်ပေးရမှာဖြစ်ပြီး ဘရာဇီး၊ တရုတ်၊ အိန္ဒိယ နဲ့ ရုရှားနိုင်ငံတွေ အပါအ၀င် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနေတဲ့ နိုင်ငံတွေက ၂၀၁၂ ခုနှစ် နောက်ဆုံးထားပြီး IMF မဲပေး ဆုံးဖြတ်ပိုင်ခွင့်ရဲ့ ၆ ရာခိုင်နှုန်းကျော်ကို ပေးအပ်ရမှာ ဖြစ်ပါတယ်။

ကုန်သွယ်မှု စစ်ပွဲတွေကို တားဆီးနိုင်ရေး ကြိုးပမ်းမှုအဖြစ် အပြိုင်အဆိုင် ငွေတန်ဘိုး လျော့ချနေတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားကြဖို့နဲ့ ငွေကြေး လဲလှယ်မှုနှုန်းကို ဈေးကွက်အပေါ် မူတည်ဆောင်ရွက်သွားကြဖို့ အတွက်လည်း G-20 အဖွဲ့ဝင်တွေက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG