သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး ပိုနှေးကွေးနိုင်၊ IMF ခန့်မှန်း


နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ဟာ ဒီနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုကို မှန်းထားတာထက်လျော့နည်းသွားလိမ့်မယ်လို့ ပြောသွားပါတယ်။ ကမ္ဘာမှာ စီးပွားရေးပြဿနာတွေ အကြီးအကျယ်ပေါ်မယ့်ကိန်း ပိုကြီးလာတယ်လို့ IMF က စီးပွားရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

စီးပွားရေးကောင်းတဲ့ နိုင်ငံတွေမှာ စီးပွားရေး ဆုတ်ယုတ်ကိန်းရှိပြီး တရုတ်လို အားကောင်းစပြု တဲ့ နိုင်ငံတွေအနေနဲ့ အဲဒီ ရိုက်ခတ်မှုကို ပိုခံစားရလိမ့်မယ်လို့ IMF အကြီးအကဲ Olivier Blanchard က ပြောပါတယ်။

ဒါပေမယ့်လည်း စီးပွါးရေး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ရုတ်တရက် စီးပွားထိုးကျတာမျိုး မဖြစ်နိုင်ဘူးလို့ ကမ္ဘာ့ဘဏ္ဍာရေးလောကမှာ အထူးအရေးကြီးတဲ့ အရာရှိတွေ ဂျပန်နိုင်ငံမှာ ဒီသီတင်းပတ်ထဲ တွေ့ဆုံနေ ကြချိန်မှာပဲ IMF က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။

ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ဒီနှစ်မှာ ၃.၃% ပဲ ရှိမှာဖြစ်ပြီး ဇူလိုင်လက ခန့်မှန်းထားခဲ့တဲ့ ၃.၅% ကနေ လျော့ကျသွားတာ ဖြစ်ပါတယ်။
XS
SM
MD
LG