သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF ယာယီ အကြီးအကဲ ခန့်အပ်ဖို့ အမေရိကန် တိုက်တွန်း

IMF ယာယီ အကြီးအကဲ ခန့်အပ်ဖို့ အမေရိကန် တိုက်တွန်း
IMF ယာယီ အကြီးအကဲ ခန့်အပ်ဖို့ အမေရိကန် တိုက်တွန်း

IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အကြီးအကဲ ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) အမျိုးသမီးတဦးကို ဗလက္ကာရ လုပ်မှုနဲ့ တရားရင်ဆိုင်နေတဲ့ အချိန်မှာ IMF အနေနဲ့ ယာယီ ညွှန်ကြားရေးမှူး တယောက်ကို တရားဝင် ခန့်ထားပေးပါလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုက်သ်နာ (Timothy Geithner) က တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ စထရော့စ်ခန်းနဲ့ IMF ရဲ့ အနာဂတ် အလားအလာတွေနဲ့ ပတ်သက်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုက်သ်နာက နယူးယောက်မှာ မနေ့က ပြောဆိုလိုက်တာပါ။

သြစတြီးယား ဘဏ္ဍာရေးဝန်ကြီး မာရီယာ ဖက်ခ်တာ (Maria Fekter) က မစ္စတာ စထရော့စ်ခန်းရဲ့ အမှုဟာ IMF သိက္ခာကျစေတဲ့အတွက် သူ နှုတ်ထွက်ပေးသင့်တယ်လို့ ပြောပါတယ်။ စပိန် ဘဏ္ဍာရေးဝန်ကြီး အယ်လီနာ ဆယ်လ်ဂါဒို (Elena Selgado) ကတော့ ဗလက္ကာရ အလုပ်ခံရတဲ့ အမျိုးသမီးကို ကိုယ်ချင်းစာနာမိတယ်လို့ ပြောပါတယ်။

တရုတ်နဲ့ ဘရာဇီးလ် နိုင်ငံတွေကတော့ နောက်တခါ IMF အကြီးအကဲရွေးရင် ဥရောပနိုင်ငံက ပုဂ္ဂိုလ်တွေကို မရွေးကြပါနဲ့လို့ အကြံပြုထားပါတယ်။

ဂျာမဏီ ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် (Angela Merkel) ကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ စထရော့စ်ခန်းအပေါ် ကြိုတင် မသုံးသပ်သင့်ကြောင်း၊ နောက်ရွေးမယ့် IMF အကြီးအကဲအတွက် ဥရောပ နိုင်ငံတွေမှာ သင့်တော်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး အဆင်သင့် ရှိပါတယ်လို့ ဆိုပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG