သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံအတွက် အဓိက ကုန်သွယ်ဖက် အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန် လျော့ကျလာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့ တချိန်ထဲမှာပဲ တရုတ်အစိုးရက ယွမ်ငွေတန်ဖိုးကိုပါ ချပစ်လိုက်တဲ့အတွက် ကမ္ဘာ့စီးပွားရေးကို သိသာတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာလည်း ကျပ်ငွေနဲ့ ဒေါ်လာ လှဲလှယ်နှုန်းဟာ ၁,၃၀၀ အထိ ဖြစ်သွားခဲ့တဲ့အတွက် တရုတ်စီးပွားရေး တရုတ်ယွမ်ငွေ တန်ဖိုးချလိုက်တာနဲ့ စီးပွားရေး ကျဆင်းမှုတွေဟာ မြန်မာနိုင်ငံကိုပါ ဂယက်ရိုက်ခတ်လာပြီလားဆိုတဲ့ စိုးရိမ်မှုတွေ မြန်မာနိုင်ငံမှာလည်း ထွက်ပေါ်လာပါတယ်။ တရုတ်စီးပွားရေး ကျဆင်းမှု မြန်မာနိုင်ငံအပေါ် ဘယ်လောက်အထိ ဂယက် ရိုက်ခတ်မှု ရှိသလဲဆိုတာကို စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦးနဲ့ ဆက်သွယ်မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG