သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းၿပီးေနာက္ ၾကံဳေတြ႕လာရတဲ႔ လယ္သမားတို႔အခက္အခဲ


Women farm workers tending to a rice plantation outside Naypyidaw on 1 May, 2018 during Labour Day in Myanmar.

အခုႏွစ္စပါးစိုက္ရာသီမွာ အတိုးယူၿပီး ေငြထုတ္ေခ်းမယ့္သူေတြ ရွားပါးလာတာေၾကာင့္ အလ်င္မီေအာင္ စိုက္ပ်ိဳးထြန္ယက္ဖို႔၊ ပ်ိဳးေထာင္ဖို႔အတြက္ လယ္သမားေတြ အခက္အခဲျဖစ္ရေၾကာင္း ေတာင္သူလယ္သမား အဖြဲ႕အစည္းေတြက ေျပာလိုက္ပါတယ္။ ဒီအက်ိဳးဆက္ေၾကာင့္ လာမယ့္ႏွစ္မွာ စပါးအထြက္ႏႈန္း က်မယ္ဆိုရင္ေတာ့ လယ္သမားေတြအဖို႔ ဆုံးရႈံးမႈမ်ားႏိုင္တာပါ။ ရန္ကုန္ကေပးပို႔လာတဲ့ ဒီသတင္းအျပည့္အစုံကိုေတာ့ ဗြီအိုေအသတင္းေထာက္ ကိုရဲမြန္က ေျပာျပမွာပါ။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေပၚေပါက္လာတဲ့ ေငြေၾကးရွားပါးမႈ ျပႆနာေၾကာင့္ အတိုးနဲ႔ေငြေခ်းတဲ့ ပုဂၢလိကလုပ္ငန္းေတြဆီက အရင္လို အလြယ္တကူ ေငြေခ်းလို႔ မရေတာ့ေၾကာင္း လယ္သမားေတြက ၿငီးတြားၾကပါတယ္။ စပါးခင္းအတြက္ လုံေလာက္တဲ့ေငြကို မသုံးစြဲႏိုင္လို႔ လာမယ့္ႏွစ္မွာ လယ္သမားေတြ အခက္အခဲ ႀကဳံလာႏိုင္ေၾကာင္း ဗမာႏိုင္ငံလုံးဆိုင္ရာ ေတာင္သူလယ္သမားမ်ား အဖြဲ႕ခ်ဳပ္၊ ဧရာဝတီတိုင္းတာဝန္ခံ မန္းေအာင္ၿငိမ္းက ေျပာပါတယ္။

“ အခုအာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္သြားတဲ့ျပႆနာက ေငြတိုးသမားက မေပးႏိုင္ဘူး၊ မေပးရဲဘူးေပါ့ေနာ္။ သူတို႔ရွိေတာ့ ရွိတယ္ ဒါေပမဲ့ မေပးရဲတာ။ အဲဒီျပႆနာေတြက ဘယ္လိုဆက္ႀကဳံလဲဆိုေတာ့ အခုစပါးအစာပက္ခ်ိန္ တလသားေက်ာ္ေက်ာ္ အခ်ိန္မွာ အစာ ( ေျမဩဇာ) သြားဝယ္တဲ့အခါမွာ လက္ငင္းစနစ္ပဲရမယ္။ လယ္သမားက ပိုက္ဆံမရွိတဲ့အခါက်ေတာ့ အေႂကြးမရေတာ့ ေငြရွာတဲ့အခါက်ေတာ့ ေငြကလည္းမရ။ အဲလိုမ်ိဳး ေစာင့္ရင္းေစာင့္ရင္းနဲ႔ တခ်ိဳ႕ဆိုရင္ တလခြဲေလာက္ထိ ဘာမွမပက္ရေသးတာေတြ ရွိတယ္။ ဒီဟာက စပါးအထြက္ကို ဆုတ္သြားႏိုင္တယ္ ဒီျပႆနာက။”

တခ်ိဳ႕လယ္သမားေတြက ပိုက္ဆံကိုရွာႀကံၿပီး အခုႏွစ္အတြက္ မိုးစပါးကို စိုက္ပ်ိဳးထားၿပီဆိုေပမဲ့ စပါးပ်ိဳးေထာင္ေနတဲ့ ကာလတေလွ်ာက္ ကုန္က်စရိတ္ အတြက္ေတာ့ စိုးရိမ္ေနရတယ္လို႔ ဆိုပါတယ္။ ဧရာဝတီတိုင္း၊ ပန္းတေနာ္ၿမိဳ႕နယ္က လယ္သမား ဦးစံလင္းက အခုလိုေျပာပါတယ္။

“ လယ္သမားက စပါးမစိုက္ရင္လည္း တျခားလုပ္စရာဘာမွ မရွိဘူး။ ဒီအတိုင္းငုတ္တုပ္ထိုင္ၿပီး ငတ္တာပဲ။ ျဖစ္တဲ့နည္းနဲ႔ စိုက္ၾကတာပါပဲ။ ကိုယ့္ရွိတာေလးေတြ ခ်ေရာင္း၊ တခ်ိဳ႕လည္း ကိုယ့္အဆက္အသြယ္ ရွိတဲ့အထဲက ခက္ခက္ခဲခဲရွာႀကံေပါ့၊ အဲလိုနည္းနဲ႔ ပထမစိုက္တဲ့ စိုက္စရိတ္ေလာက္ေတာ့ ၿပီးသြားတယ္။ အခုေနာက္ပိုင္း ဒီအပင္ ျပဳစုပ်ိဳးေထာင္ရတဲ့ အပိုင္းမွာေတာ့၊ ေငြလည္းေခ်းမရ။ အဲဒီအခက္အခဲေတာ့ အခုျဖစ္ေနၿပီေပါ့။”

လယ္တဧကကို စပါးတင္း ၇၀ ေလာက္ ပ်မ္းမွ်ထြက္ရွိေပမဲ့၊ ေျမဩဇာနဲ႔ တျခားပ်ိဳးေထာင္စရိတ္ေတြ မသုံးႏိုင္ရင္ လယ္အထြက္ေလ်ာ့ႏိုင္ၿပီး တဧကကို တင္း ၄၀၊ ၄၅ တင္းပဲ ထြက္ႏိုင္ပါတယ္။ ဒါဆိုရင္ ယူထားတဲ့အေႂကြးေတြ ျပန္ဆပ္ဖို႔ ခက္ခဲသြားႏိုင္တာပါ။

“ ရာသီဥတုက မိုးေလးက လိုက္ေနလို႔သာ ေရတင္စရိတ္ မကုန္တာေပါ့။ ေနာက္ ပိုးသတ္ေဆးနဲ႔ ဓာတ္ဆား၊ အစာနဲ႔က က်ိမ္းေသလိုက္ရမယ္။ ဒါေပမဲ့အခု ရွာလို႔ႀကံလို႔လည္း မရဘူး၊ အခက္အခဲျဖစ္ေနတဲ့ လယ္သမားအမ်ားစု အတြက္က လယ္ထြက္ကဆုတ္မယ္။ စပါးဆုတ္တာနဲ႔အမွ် အရႈံးႀကီးရႈံးၿပီးေတာ့ လာမယ့္ႏွစ္အဖို႔ကေတာ့ အေတာ္ေလး အက်ပ္အတည္းျဖစ္မယ္။ ပုဂၢလိက မျဖစ္မေနယူထားတဲ့ အေႂကြးေတြလည္း မဆပ္ႏိုင္တာတို႔ အစိုးရေၾကးကိုလည္း မဆပ္ႏိုင္တာတို႔ လယ္သမားေတြ အေတာ္အခက္အခဲ ျဖစ္မွာပဲ။”

အခုအခ်ိန္မွာ ေငြေၾကးရွိတဲ့ လယ္သမားပဲ လယ္ယာပိုင္ဆိုင္ထားၿပီး က်န္တဲ့သူေတြကေတာ့ လယ္ေျမေတြကို ထုတ္ေရာင္းေနရပါတယ္။ လယ္သမား မဟုတ္သူေတြက ဝယ္ထားတဲ့ေျမမွာ သီးစားခနဲ႔ ျပန္လုပ္ေနရတဲ့ လယ္သမားေတြလည္း တျဖည္းျဖည္း မ်ားျပားလာပါတယ္။ ျမန္မာႏိုင္ငံ ေတာင္သူလယ္သမား သမဂၢဗဟိုရဲ႕ ဥကၠ႒ ေဒၚစုစုေႏြးက အခုလိုေျပာပါတယ္။

“ လယ္သမားက တႏွစ္ထက္တႏွစ္ ဆုတ္သြားတဲ့အခါက်ေတာ့ ဒီလယ္ထဲကို ျပန္ထည့္ရတာနဲ႔ လယ္ထဲကအထြက္က ေလ်ာ့ၿပီးျပန္ရတဲ့အခါက်တာ့ လယ္သမားေတြက တႏွစ္ထက္တႏွစ္ ရႈံးေနတဲ့အခါက်ေတာ့ ေႂကြးတင္ေတာ့ လယ္ေတြဖဲ့ဖဲ့ေရာင္းရတာ။ လယ္က ေတာ္ေတာ္မ်ားမ်ားေတာင္ ကုန္ေနပါၿပီရွင့္။ လယ္ေတြဆုံးရႈံးတဲ့အတြက္ သူတို႔ကိုယ္တိုင္ ဝမ္းစာေတြကို ျပန္ဝယ္စားေနရတာရွိတယ္။ အဓိကေတာ့ ေငြေရးေၾကးေရးအခက္အခဲ ႐ိုက္ခတ္မႈကေတာ့ လယ္သမားက ပိုၿပီးေတာ့ ထိခိုက္တာပါရွင့္။”

မႏွစ္က အစိုးရဘဏ္ေႂကြးကို ပုဂၢလိကေခ်းေငြနဲ႔ဆပ္ၿပီး ဒီႏွစ္အတြက္ အစိုးရေခ်းေငြအသစ္ကို ထပ္ယူ၊ ဒီလိုနဲ႔ အေႂကြးအဆင့္ဆင့္ တင္သြားေၾကာင္း လယ္သမားေတြက ေျပာပါတယ္။ ကိုဗစ္ကပ္ေရာဂါ၊ လယ္ထဲက ပိုးမႊားျပႆနာ၊ လယ္ယာေျမအမႈအခင္း ဒါေတြကိုလည္း အခုႏွစ္မွာ လယ္သမားေတြက စုၿပဳံၿပီး ရင္ဆိုင္ေနရတယ္လို လယ္သမားေတြက ေျပာေနၾကပါတယ္။

---------------------------------------------

အာဏာသိမ်းပြီးနောက် ကြုံတွေ့လာရတဲ့ လယ်သမားတို့အခက်အခဲ

အခုနှစ်စပါးစိုက်ရာသီမှာ အတိုးယူပြီး ငွေထုတ်ချေးမယ့်သူတွေ ရှားပါးလာတာကြောင့် အလျင်မီအောင် စိုက်ပျိုးထွန်ယက်ဖို့၊ ပျိုးထောင်ဖို့အတွက် လယ်သမားတွေ အခက်အခဲဖြစ်ရကြောင်း တောင်သူလယ်သမား အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။ ဒီအကျိုးဆက်ကြောင့် လာမယ့်နှစ်မှာ စပါးအထွက်နှုန်း ကျမယ်ဆိုရင်တော့ လယ်သမားတွေအဖို့ ဆုံးရှုံးမှုများနိုင်တာပါ။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုရဲမွန်က ပြောပြမှာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ငွေကြေးရှားပါးမှု ပြဿနာကြောင့် အတိုးနဲ့ငွေချေးတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဆီက အရင်လို အလွယ်တကူ ငွေချေးလို့ မရတော့ကြောင်း လယ်သမားတွေက ငြီးတွားကြပါတယ်။ စပါးခင်းအတွက် လုံလောက်တဲ့ငွေကို မသုံးစွဲနိုင်လို့ လာမယ့်နှစ်မှာ လယ်သမားတွေ အခက်အခဲ ကြုံလာနိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ အဖွဲ့ချုပ်၊ ဧရာဝတီတိုင်းတာဝန်ခံ မန်းအောင်ငြိမ်းက ပြောပါတယ်။

“ အခုအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်သွားတဲ့ပြဿနာက ငွေတိုးသမားက မပေးနိုင်ဘူး၊ မပေးရဲဘူးပေါ့နော်။ သူတို့ရှိတော့ ရှိတယ် ဒါပေမဲ့ မပေးရဲတာ။ အဲဒီပြဿနာတွေက ဘယ်လိုဆက်ကြုံလဲဆိုတော့ အခုစပါးအစာပက်ချိန် တလသားကျော်ကျော် အချိန်မှာ အစာ ( မြေဩဇာ) သွားဝယ်တဲ့အခါမှာ လက်ငင်းစနစ်ပဲရမယ်။ လယ်သမားက ပိုက်ဆံမရှိတဲ့အခါကျတော့ အကြွေးမရတော့ ငွေရှာတဲ့အခါကျတော့ ငွေကလည်းမရ။ အဲလိုမျိုး စောင့်ရင်းစောင့်ရင်းနဲ့ တချို့ဆိုရင် တလခွဲလောက်ထိ ဘာမှမပက်ရသေးတာတွေ ရှိတယ်။ ဒီဟာက စပါးအထွက်ကို ဆုတ်သွားနိုင်တယ် ဒီပြဿနာက။”

တချို့လယ်သမားတွေက ပိုက်ဆံကိုရှာကြံပြီး အခုနှစ်အတွက် မိုးစပါးကို စိုက်ပျိုးထားပြီဆိုပေမဲ့ စပါးပျိုးထောင်နေတဲ့ ကာလတလျှောက် ကုန်ကျစရိတ် အတွက်တော့ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က လယ်သမား ဦးစံလင်းက အခုလိုပြောပါတယ်။

“ လယ်သမားက စပါးမစိုက်ရင်လည်း တခြားလုပ်စရာဘာမှ မရှိဘူး။ ဒီအတိုင်းငုတ်တုပ်ထိုင်ပြီး ငတ်တာပဲ။ ဖြစ်တဲ့နည်းနဲ့ စိုက်ကြတာပါပဲ။ ကိုယ့်ရှိတာလေးတွေ ချရောင်း၊ တချို့လည်း ကိုယ့်အဆက်အသွယ် ရှိတဲ့အထဲက ခက်ခက်ခဲခဲရှာကြံပေါ့၊ အဲလိုနည်းနဲ့ ပထမစိုက်တဲ့ စိုက်စရိတ်လောက်တော့ ပြီးသွားတယ်။ အခုနောက်ပိုင်း ဒီအပင် ပြုစုပျိုးထောင်ရတဲ့ အပိုင်းမှာတော့၊ ငွေလည်းချေးမရ။ အဲဒီအခက်အခဲတော့ အခုဖြစ်နေပြီပေါ့။”

လယ်တဧကကို စပါးတင်း ၇၀ လောက် ပျမ်းမျှထွက်ရှိပေမဲ့၊ မြေဩဇာနဲ့ တခြားပျိုးထောင်စရိတ်တွေ မသုံးနိုင်ရင် လယ်အထွက်လျော့နိုင်ပြီး တဧကကို တင်း ၄၀၊ ၄၅ တင်းပဲ ထွက်နိုင်ပါတယ်။ ဒါဆိုရင် ယူထားတဲ့အကြွေးတွေ ပြန်ဆပ်ဖို့ ခက်ခဲသွားနိုင်တာပါ။

“ ရာသီဥတုက မိုးလေးက လိုက်နေလို့သာ ရေတင်စရိတ် မကုန်တာပေါ့။ နောက် ပိုးသတ်ဆေးနဲ့ ဓာတ်ဆား၊ အစာနဲ့က ကျိမ်းသေလိုက်ရမယ်။ ဒါပေမဲ့အခု ရှာလို့ကြံလို့လည်း မရဘူး၊ အခက်အခဲဖြစ်နေတဲ့ လယ်သမားအများစု အတွက်က လယ်ထွက်ကဆုတ်မယ်။ စပါးဆုတ်တာနဲ့အမျှ အရှုံးကြီးရှုံးပြီးတော့ လာမယ့်နှစ်အဖို့ကတော့ အတော်လေး အကျပ်အတည်းဖြစ်မယ်။ ပုဂ္ဂလိက မဖြစ်မနေယူထားတဲ့ အကြွေးတွေလည်း မဆပ်နိုင်တာတို့ အစိုးရကြေးကိုလည်း မဆပ်နိုင်တာတို့ လယ်သမားတွေ အတော်အခက်အခဲ ဖြစ်မှာပဲ။”

အခုအချိန်မှာ ငွေကြေးရှိတဲ့ လယ်သမားပဲ လယ်ယာပိုင်ဆိုင်ထားပြီး ကျန်တဲ့သူတွေကတော့ လယ်မြေတွေကို ထုတ်ရောင်းနေရပါတယ်။ လယ်သမား မဟုတ်သူတွေက ဝယ်ထားတဲ့မြေမှာ သီးစားခနဲ့ ပြန်လုပ်နေရတဲ့ လယ်သမားတွေလည်း တဖြည်းဖြည်း များပြားလာပါတယ်။ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဗဟိုရဲ့ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက အခုလိုပြောပါတယ်။

“ လယ်သမားက တနှစ်ထက်တနှစ် ဆုတ်သွားတဲ့အခါကျတော့ ဒီလယ်ထဲကို ပြန်ထည့်ရတာနဲ့ လယ်ထဲကအထွက်က လျော့ပြီးပြန်ရတဲ့အခါကျတာ့ လယ်သမားတွေက တနှစ်ထက်တနှစ် ရှုံးနေတဲ့အခါကျတော့ ကြွေးတင်တော့ လယ်တွေဖဲ့ဖဲ့ရောင်းရတာ။ လယ်က တော်တော်များများတောင် ကုန်နေပါပြီရှင့်။ လယ်တွေဆုံးရှုံးတဲ့အတွက် သူတို့ကိုယ်တိုင် ဝမ်းစာတွေကို ပြန်ဝယ်စားနေရတာရှိတယ်။ အဓိကတော့ ငွေရေးကြေးရေးအခက်အခဲ ရိုက်ခတ်မှုကတော့ လယ်သမားက ပိုပြီးတော့ ထိခိုက်တာပါရှင့်။”

မနှစ်က အစိုးရဘဏ်ကြွေးကို ပုဂ္ဂလိကချေးငွေနဲ့ဆပ်ပြီး ဒီနှစ်အတွက် အစိုးရချေးငွေအသစ်ကို ထပ်ယူ၊ ဒီလိုနဲ့ အကြွေးအဆင့်ဆင့် တင်သွားကြောင်း လယ်သမားတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ၊ လယ်ထဲက ပိုးမွှားပြဿနာ၊ လယ်ယာမြေအမှုအခင်း ဒါတွေကိုလည်း အခုနှစ်မှာ လယ်သမားတွေက စုပြုံပြီး ရင်ဆိုင်နေရတယ်လို လယ်သမားတွေက ပြောနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG