ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတာ ၂ ႏွစ္ျပည့္ခါနီးခ်ိန္မွာ လက္နက္ကိုင္ ေတာ္လွန္တိုက္ခိုက္မႈေတြ ျမန္မာႏိုင္ငံေနရာ ေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ပြားေနပါတယ္။ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ ႐ွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းတို႔မွာ စစ္တပ္ကို ဆန္႔က်င္ၿပီး လက္နက္စြဲကိုင္လာတဲ့ ျပည္သူ႕ ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြ ျဖစ္ေနပါတယ္။
အခုေနာက္ပိုင္း စစ္တပ္က ေလေၾကာင္းကေန တိုက္ခိုက္မႈေတြကို ပိုလုပ္တာတဲ့အတြက္ ေဒသခံျပည္သူေတြ ထိခိုက္ေသဆုံးမႈေတြလည္း ႐ွိေနပါတယ္။ စစ္တပ္စစ္ဆင္ေရး လုပ္တဲ့ေနရာေတြ၊ နယ္ေျမ႐ွင္းလင္းတဲ့ ေနရာေတြမွာ ေဒသခံေတြ ဖမ္းဆီးသတ္ျဖတ္ခံရတယ္ ဆိုတာကိုလည္း ေဒသခံေတြက VOA ကို ေျပာျပၾကပါတယ္။
လက္နက္ကိုင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြကလည္း စစ္တပ္ေထာက္ပို႔ေရး လမ္းေၾကာင္းေတြအေပၚ တိုက္ခိုက္ဖ်က္စီးမႈေတြ လုပ္ပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ KNLA ကရင္တပ္ေတြ၊ ေကာ္သူးေလအာမီတပ္ေတြ၊ ျပည္သူ႕ကာကြယ္ေရး PDF တပ္ေတြၾကား တိုက္ပြဲေတြ မၾကာမၾကာ ျဖစ္ေနတဲ့ ကရင္ျပည္နယ္ထဲမွာ ဇန္နဝါရီလ ၂၈ ရက္ ဒီကေန႔ မနက္ပိုင္းက PDF ပူးေပါင္းတပ္ေတြက ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္နဲ႔ မုဒုံၿမိဳ႕နယ္ၾကားက တံတားတခုကို မိုင္းခြဲဖ်က္စီးခဲ့ပါတယ္။ ဒါလီတံတားထိပ္ ၂ ဘက္လုံး ပ်က္စီးခဲ့တယ္လို႔ ေဒသခံတေယာက္က အခုလိုေျပာျပပါတယ္။
ကရင္ျပည္နယ္ထဲက ေကာ့ကရိတ္၊ ၾကာအင္းဆိပ္ႀကီး၊ ဘုရားသုံးဆူေဒသေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ပူးေပါင္းတပ္ဖြဲ႔ေတြၾကား တိုက္ပြဲေတြလည္း ဆက္႐ွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာေတာ့ ေက်း႐ြာ ၅ ႐ြာထက္မနည္း၊ မီး႐ိႈ႕ခံရသလို လက္နက္ႀကီးက်ည္ဆံေတြ က်ေရာက္ေပါက္ကြဲလို႔ အခုရက္ပိုင္းအတြင္း ကေလးငယ္တေယာက္ထက္မနည္း ေသဆုံးခဲ့ပါတယ္။
==== Unicode ====
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတာ ၂ နှစ်ပြည့်ခါနီးချိန်မှာ လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုတွေ မြန်မာနိုင်ငံနေရာ တော်တော်များများမှာ ဖြစ်ပွားနေပါတယ်။ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ စစ်တပ်ကို ဆန့်ကျင်ပြီး လက်နက်စွဲကိုင်လာတဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။
အခုနောက်ပိုင်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ပိုလုပ်တာတဲ့အတွက် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ စစ်တပ်စစ်ဆင်ရေး လုပ်တဲ့နေရာတွေ၊ နယ်မြေရှင်းလင်းတဲ့ နေရာတွေမှာ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတယ် ဆိုတာကိုလည်း ဒေသခံတွေက VOA ကို ပြောပြကြပါတယ်။
လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း စစ်တပ်ထောက်ပို့ရေး လမ်းကြောင်းတွေအပေါ် တိုက်ခိုက်ဖျက်စီးမှုတွေ လုပ်ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်တပ်တွေ၊ ကော်သူးလေအာမီတပ်တွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေကြား တိုက်ပွဲတွေ မကြာမကြာ ဖြစ်နေတဲ့ ကရင်ပြည်နယ်ထဲမှာ ဇန်နဝါရီလ ၂၈ ရက် ဒီကနေ့ မနက်ပိုင်းက PDF ပူးပေါင်းတပ်တွေက ကြာအင်းဆိပ်ကြီး မြို့နယ်နဲ့ မုဒုံမြို့နယ်ကြားက တံတားတခုကို မိုင်းခွဲဖျက်စီးခဲ့ပါတယ်။ ဒါလီတံတားထိပ် ၂ ဘက်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတယောက်က အခုလိုပြောပြပါတယ်။
ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကော့ကရိတ်မြို့နယ်ထဲမှာတော့ ကျေးရွာ ၅ ရွာထက်မနည်း၊ မီးရှို့ခံရသလို လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲလို့ အခုရက်ပိုင်းအတွင်း ကလေးငယ်တယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။