သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရထားမီးလောင်မှု လူ ၅၀ ခန့်သေ


မီးလောင်ကျွမ်းသွားတဲ့ အိန္ဒိယ ခရီးသည်တင် ရထား (ဇူလိုင်လ ၃၀၊ ၂၀၁၂)
မီးလောင်ကျွမ်းသွားတဲ့ အိန္ဒိယ ခရီးသည်တင် ရထား (ဇူလိုင်လ ၃၀၊ ၂၀၁၂)
အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ တနင်္လာနေ့က ခရီးသည်တင် မီးရထားတစ်စီး ခုတ်မောင်းနေစဉ်မှာ မီးလောင်မှုဖြစ်ပွာခဲ့ပြီး လူပေါင်း ၅၀ နီးပါး သေဆုံးသွားပါတယ်။

မီးရထားဟာ မြို့တော် နယူးဒေလီကနေ နိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာရှိတဲ့ ချန်နိုင်းမြို့ကို သွားနေ တာဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားတဲ့အချိန်ဟာ ခရီးသည်အများစု အိပ်မောကျ နေတဲ့ နံနက်ပိုင်း ၄ နာရီခန့်မှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံ တာဝန်ရှိသူ တဦးက ပြောပါတယ်။

စုစုပေါင်း ခရီးသည် ၄၇ ဦး သေဆုံးသွားတယ်လို့ ဒေသရဲ့ မီးရထားဌာန မန်နေဂျာ အန်နေးလ် ကူးမား က AP သတင်းဌာနကို ပြောပါတယ်။

ဒဏ်ရာရသူအရေတွက်ကတော့ ၃၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။ မီးရထားဟာ နယ်လိုရီးမြို့ ဘူတာကို ဖြတ်ပြီးမောင်းနှင်သွားစဉ်မှာ ရထားတွဲတတွဲ အတွင်းမှာ မီးလောင်နေတာကို တွေ့ရကြောင်း ဘူတာအမှုထမ်းတဦးကနေ လှမ်းပြီးတော့ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်တဲ့ အချက်ပေးသံ ထွက်ပေါ်လာပြီးတဲ့နောက် ရထားကိုရပ်ပစ်လိုက်ပြီး တခြားတွဲတွေကို မီးမစွဲနိုင်အောင် မီးလောင်နေတဲ့ တွဲကို ဖြုတ်ပစ်လိုက်ရတယ်လို့ ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ခရီးသည်တင် တွဲအတွင်းက လျှပ်စစ်ဝိုင်ယာ ရှော့ဖြစ်ရာကနေ ဖြစ်ပွားတာ ဖြစ်နိုင်ကြောင်းလည်း မီးရထားဌာန တာဝန်ရှိသူက ပြော ပါတယ်။
XS
SM
MD
LG