သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးပျံ အိန္ဒိယ စမ်းသပ်


နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးပျံ အိန္ဒိယ စမ်းသပ်
နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးပျံ အိန္ဒိယ စမ်းသပ်

အိန္ဒိယနိုင်ငံက နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တာတိုပစ် ဒုံးလက်နက်ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ပြီလို့ ပြောဆိုလိုက်ပါတယ်။

Prithvi 2 လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးလက်နက် စမ်းသပ် ပစ်လွှတ်မှုကို တနင်္လာနေ့က အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အောရစ္စ (Orissa) ပြည်နယ်မှာ ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း စမ်းသပ်ပစ်လွှတ်ရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး အက်စ်.ပီ ဒက်ရှ် (S.P Dash) က ပြောပါတယ်။

Prithvi ဒုံးလက်နက်ဟာ အိန္ဒိယနိုင်ငံ အတွင်းမှာ ပြုလုပ်တာဖြစ်ပြီး စမ်းသပ်မှုတွေကို နှစ်ပေါင်း အတန်ကြာ ပြုလုပ်နေခဲ့တာပါ။

အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံဟာ ပုံမှန်ဆိုသလို ဒုံးလက်နက်တွေကို စမ်းသပ်နေကြတာပါ။ တဘက်နဲ့တဘက် ထိပ်တိုက် တွေ့လာရင် အဆင်သင့် ဖြစ်နေအောင် လုပ်နေကြတဲ့သဘော ဆောင်ပါတယ်။

၁၉၄၇ ခုနှစ် ဗြိတိသျှ လက်အောက်က လွတ်လပ်ရေး ရခဲ့ပြီးကတည်းက ၂ နိုင်ငံ အငြင်းပွားနေတဲ့ ကက်ရှ်မီးယားနဲ့ ဟီမားလေးယား နယ်နိမိတ်ဒေသ ကိစ္စကို အကြောင်းပြုပြီးတော့ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG