သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ကောင်စစ်ဝန်ရုံး အာဖဂန်မှာ အတိုက်ခိုက်ခံရ


အာဖဂန်လုံခြုံရေးတပ်များ အိန္ဒိယ ကောင်စစ်ဝန်ရုံး ခေါင်မိုးပေါ် နေရာယူထားစဉ်။
အာဖဂန်လုံခြုံရေးတပ်များ အိန္ဒိယ ကောင်စစ်ဝန်ရုံး ခေါင်မိုးပေါ် နေရာယူထားစဉ်။

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းက Mazar-i-Sharif မြို့မှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးကို အမည်မသိ သေနတ်သမားတွေက တနင်္ဂနွေနေ့မှာ ဝင်ရောက်တိုက်ခိုက်တာမှာ အနီးဝန်းကျင်မှာ သေနတ်သံတွေ၊ အမြောက်သံတွေ ဆူညံသွားတယ်လို့ ဒေသခံ အုပ်ချုပ်ရေးမှူးက ဗွီအိုအေကို ပြောပါတယ်။

ကောင်စစ်ဝန်ရုံးတည်ရှိရာ လမ်းတဖက်ခြမ်းမှာရှိတဲ့ အဆောက်အဦးကနေ သေနတ်သမားတွေက ဒုံးကျည်တွေနဲ့ စတင် ပစ်ခတ်တာမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်သွားခ့တယ်လို့ အုပ်ချုပ်ရေးမှူး Munir Ahmad Farhad က ပြောပါတယ်။ ထိခိုက် ဒဏ်ရာရမှုနဲ့ ပျက်ဆီး ဆုံးရှုံးမှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေတော့ ချက်ခြင်း ထွက်မလာသေးပါဘူး။

တိုက်ခိုက်သူတွေကို ရှင်းလင်းနိုင်ဖု့ အထူးတပ်ဖွဲ့ဝင်တွေ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ Shir Jan Durani က ပြောပါတယ်။

တိုက်ခိုက်မှုကို ဘယ်သူ ပြုလုပ်တယ်ဆိုတဲ့ ထုတ်ဖော်ပြောဆိုသူ ချက်ခြင်း ထွက်မလာသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်နယ်စပ်မှာရှိတဲ့ အိန္ဒိလေတပ်အခြေစိုက်စခန်းကို အစ္စလာမ်မစ် စစ်သွေးကြွတွေက စနေနေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အနဲဆုံး စစ်သား ၇ ဦး သေဆုံးပြီး ၂၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုအပြီး နောက်တနေ့မှာ ဖြစ်သွားခဲ့တာပါ။

XS
SM
MD
LG