သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဒေသတွင်း ပူးပေါင်းဖို့ အိန္ဒိယ ဆော်သြ

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဒေသတွင်း ပူးပေါင်းဖို့ အိန္ဒိယ ဆော်သြ
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဒေသတွင်း ပူးပေါင်းဖို့ အိန္ဒိယ ဆော်သြ

အယ်လ်ခိုင်းဒါး (Al Qaida) အကြမ်းဖက်ကွန်ရက် ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) တလောက သေဆုံးသွားရမှုဟာ ဒေသတွင်းက နိုင်ငံတွေ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြတဲ့ ထူးခြားတဲ့ အခိုက်အတန့်ကို ပေးလိုက်တာပဲလို့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) က ပြောပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်ပွားစေတဲ့ အကြောင်းအရာတွေကို အဆုံးသတ်နိုင်ဖို့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့ လက်တွဲ လုပ်ဆောင်ကြဖို့ ကြာသပတေးနေ့က အာဖဂန်နစ္စတန် နိုင်ငံကို လာရောက်တဲ့ ခရီးစဉ် အတွင်းမှာ မစ္စတာ ဆင်းဂ် ပြောသွားတာ ဖြစ်ပါတယ်။

မစ္စတာ ဘင်လာဒင်ဟာ သူ့ကို မေလ ၂ ရက်နေ့မှာ အမေရိကန် တပ်ဖွဲ့တွေ လာမသတ်ခင် ပါကစ္စတန်နိုင်ငံမှာ မြို့တော်နဲ့ အဲဒီလောက် နီးနီးကပ်ကပ် ဘယ်သူမှ မသိအောင် ဘယ်လိုများ နေထိုင်ခဲ့လဲ ဆိုတာ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ မစ္စတာ ဆင်းဂ်က တောင်းဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် ပါကစ္စတန်နိုင်ငံ အပေါ်မှာ အာဖဂန် အစိုးရနဲ့ အိန္ဒိယ အစိုးရတို့ သံသယ ပိုဝင်ရတယ်လို့လည်း ပြောပါတယ်။

This item is part of
XS
SM
MD
LG