သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပ လက်လီအရောင်းဆိုင် အိန္ဒိယမှာ ဖွင့်ခွင့်ပြု


အိန္ဒိယနိုင်ငံမှာ Wal-Mart, Tesco နဲ့ Carrefour လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုလိုက်ပါပြီ
အိန္ဒိယနိုင်ငံမှာ Wal-Mart, Tesco နဲ့ Carrefour လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုလိုက်ပါပြီ
ဧရာမ လက်လီဆိုင်ကြီးတွေ ဖြစ်ကြတဲ့ Wal-Mart, Tesco နဲ့ Carrefour တို့လို နိုင်ငံခြား ကုမ္ပဏီတွေကို အိန္ဒိယ နိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုလိုက်ပါတယ်။ အိန္ဒိယ အစိုးရရဲ့ သောကြာနေ့က ကြေညာချက်ကြောင့် ကုန်အမျိုးအစား တမျိုးမက ရောင်းချတဲ့ ကုန်စုံဆိုင်တွေမှာ နိုင်ငံခြား လုပ်ငန်းတွေ အနေနဲ့ အစုရှယ်ယာ အများစု ပိုင်ဆိုင်ခွင့် ရတော့မှာပါ။

အစိုးရရဲ့အစီအစဉ်ကို ဆန့်ကျင်သူတွေကတော့ ပြည်ပက လုပ်ငန်းတွေကြောင့် ပြည်တွင်းက အငယ်စား လက်လီလုပ်ငန်းတွေ နစ်နာပြီး အလုပ်အကိုင်တွေလည်း လက်လွတ် ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။

အစီအစဉ်ကို ထောက်ခံသူတွေ ကတော့ နိုင်ငံခြား လုပ်ငန်းတွေကြောင့် ပြည်တွင်းက လုပ်ငန်းတွေ ပိုမိုခေတ်မီ လာနိုင်သလို၊ စားသောက်ကုန် အရည်အသွေး တိုးတက်ပြီး ဈေးနှုန်းတွေ သက်သာ လာနိုင်တယ်လို့ ပြောနေကြတာပါ။

အိန္ဒိယ အစိုးရရဲ့ အစီအစဉ်သစ်အရ နိုင်ငံခြား လေကြောင်း လုပ်ငန်းတွေ ပြည်တွင်း လေကြောင်းလိုင်းတွေမှာ ဝင်ရောက် လုပ်ကိုင်ဖို့လည်း ခွင့်ပြုလိုက်ပါတယ်။

လတ်တလော အိန္ဒိယ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးမှုတွေကတော့ ကျဆင်းနေပြီး တိုင်းပြည်ရဲ့စီးပွားရေး အဆင့်အတန်း လျော့ကျ လာမှာ၊ ငွေကြေး ဖောင်းပွမှုတွေ ပိုများလာမှာကိုလည်း စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG