သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ာမနီနဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ေတြ နယူးေဒလီၿမိဳ႕မွာ ေတြ႔ဆုံ


ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi တို႔ နယူးေဒလီၿမိဳ႕ေတာ္မွာ ဒီေန႔ ေတြ႔ဆုံၿပီး ၂ ႏိုင္ငံၾကား စီးပြားေရး၊ ကုန္သြယ္ေရး တိုးတက္ခိုင္မာေရးနဲ႔ ယူကရိန္း စစ္ပြဲအေရးေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ယူကရိန္းအေပၚ က်ဴးေက်ာ္စစ္နဲ႔ ပတ္သက္လို႔ ဥေရာပႏိုင္ငံေတြနဲ႔ အေမရိကန္ျပည္ေထာင္စု တို႔လို အိႏၵိယက ျပတ္ျပတ္သားသား ရပ္တည္ဖို႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္က တိုက္တြန္းမယ္လို႔ ခန္႔မွန္းရပါတယ္။

အိႏၵိယႏိုင္ငံဟာ ႐ု႐ွားဆီက စစ္လက္နက္ေတြကို အဓိက ဝယ္ယူေနတာျဖစ္သလို ေရနံနဲ႔ တျခားစီးပြားေရးအရ လိုအပ္ခ်က္ေတြကို အားထားေနရတာေၾကာင့္ ဝန္ႀကီးခ်ဳပ္ Narendra Modi ဟာ ႐ု႐ွားအေပၚ ပြင့္ပြင့္လင္းလင္း ေဝဖန္႐ႈတ္ခ်တာမ်ိဳး မလုပ္ေသးပါဘူး။ အိႏိၵယမွာ လက္႐ွိက်င္းပေနတဲ့ G-20 ႏိုင္ငံမ်ား စည္ေဝးပြဲမွာလည္း ႐ု႐ွား က်ဴးေက်ာ္တိုက္ခိုက္တဲ့ကိစၥကို အဓိကထား မေဆြးေႏြးဖို႔ ဝန္ႀကီးခ်ဳပ္ Modi က ႀကိဳးစားေနပါတယ္။

ဒီေန႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္နဲ႔ ေဆြးေႏြးပြဲအၿပီး ပူးတြဲျပဳလုပ္တဲ့ သတင္းစာ႐ွင္းပြဲမွာလည္း ယူကရိန္းစစ္ပြဲ အဆုံးသတ္ေအာင္ သံတမန္ေရးနည္းနဲ႔ ေဆြးေႏြးအေျဖ႐ွာဖို႔ ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းမွာျဖစ္ေနတဲ့ ျပႆနာေတြ ေျပလည္ေအာင္ ေဆြးေႏြးမႈေတြနဲ႔ သံတမန္ေရး နည္းလမ္းနဲ႔ အေျဖ႐ွာဖို႔ အိႏၵိယက အေလးအနက္ ေျပာၾကားခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြအတြက္ ကူညီသြားဖို႔ အသင့္ပါပဲလို႔ ဝန္ႀကီးခ်ဳပ္ Modi က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ အိႏၵိယနဲ႔ ဂ်ာမနီႏိုင္ငံၾကား လုံျခဳံေရးနဲ႔ ကာကြယ္ေရး ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ ကတိျပဳခဲ့ၾကတယ္လို႔လည္း သူက ေျပာပါတယ္။

ဂ်ာမနီဝန္ႀကီးခ်ဳပ္ကေတာ့ ကမၻာႀကီးအတြက္ အေရးႀကီးတဲ့ ၿငိမ္းခ်မ္းေရးကိစၥေတြကို အိႏၵိယဝန္ႀကီခ်ဳပ္နဲ႔ ဒီေန႔ ေဆြးေႏြးခဲ့တယ္လို႔ ေျပာပါတယ္။ ဝန္ႀကီးခ်ဳပ္ Scholz ရဲ႕ခရီးစဥ္အတြင္း EU ဥေရာပသမဂၢနဲ႔ အိႏၵိယႏိုင္ငံၾကား လြတ္လပ္တဲ့ ကုန္သြယ္ေရး သေဘာတူညီမႈရဖို႔နဲ႔ ရင္းႏွီးျမႇပ္ႏွံမႈဆိုင္ရာ အကာအကြယ္ေပးတဲ့ သေဘာတူညီမႈေတြ ရေအာင္ တိုက္တြန္းမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဂ်ာမနီဝန္ႀကီးခ်ဳပ္နဲ႔အတူ ဂ်ာမနီစီးပြားေရး လုပ္ငန္းဆိုင္ရာကိုယ္စားလွယ္ အမ်ားအျပားလည္း အိႏၵိယႏိုင္ငံခရီးစဥ္မွာ ပါသြားပါတယ္။ EU ဥေရာပႏိုင္ငံေတြက တ႐ုတ္နဲ႔ ခပ္ခြာခြာေနဖို႔ ႀကိဳးစားေနတာနဲ႔အတူ ဂ်ာမနီကလည္း တျခားႏိုင္ငံေတြနဲ႔ စီးပြားဆက္ခံေရးကို ပိုၿပီးက်ယ္ျပန္႔ေအာင္လုပ္ဖို႔ ႀကိဳးစားေနပုံရပါတယ္။

==== Unicode =====

ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ နယူးဒေလီမြို့တော်မှာ ဒီနေ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး တိုးတက်ခိုင်မာရေးနဲ့ ယူကရိန်း စစ်ပွဲအရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းအပေါ် ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စု တို့လို အိန္ဒိယက ပြတ်ပြတ်သားသား ရပ်တည်ဖို့ ဂျာမနီဝန်ကြီးချုပ်က တိုက်တွန်းမယ်လို့ ခန့်မှန်းရပါတယ်။

အိန္ဒိယနိုင်ငံဟာ ရုရှားဆီက စစ်လက်နက်တွေကို အဓိက ဝယ်ယူနေတာဖြစ်သလို ရေနံနဲ့ တခြားစီးပွားရေးအရ လိုအပ်ချက်တွေကို အားထားနေရတာကြောင့် ဝန်ကြီးချုပ် Narendra Modi ဟာ ရုရှားအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ရှုတ်ချတာမျိုး မလုပ်သေးပါဘူး။ အိန္ဒိယမှာ လက်ရှိကျင်းပနေတဲ့ G-20 နိုင်ငံများ စည်ဝေးပွဲမှာလည်း ရုရှား ကျူးကျော်တိုက်ခိုက်တဲ့ကိစ္စကို အဓိကထား မဆွေးနွေးဖို့ ဝန်ကြီးချုပ် Modi က ကြိုးစားနေပါတယ်။

ဒီနေ့ ဂျာမနီဝန်ကြီးချုပ်နဲ့ ဆွေးနွေးပွဲအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာလည်း ယူကရိန်းစစ်ပွဲ အဆုံးသတ်အောင် သံတမန်ရေးနည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းမှာဖြစ်နေတဲ့ ပြဿနာတွေ ပြေလည်အောင် ဆွေးနွေးမှုတွေနဲ့ သံတမန်ရေး နည်းလမ်းနဲ့ အဖြေရှာဖို့ အိန္ဒိယက အလေးအနက် ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ကူညီသွားဖို့ အသင့်ပါပဲလို့ ဝန်ကြီးချုပ် Modi က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ ဂျာမနီနိုင်ငံကြား လုံခြုံရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ကတိပြုခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

ဂျာမနီဝန်ကြီးချုပ်ကတော့ ကမ္ဘာကြီးအတွက် အရေးကြီးတဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို အိန္ဒိယဝန်ကြီချုပ်နဲ့ ဒီနေ့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ် Scholz ရဲ့ခရီးစဉ်အတွင်း EU ဥရောပသမဂ္ဂနဲ့ အိန္ဒိယနိုင်ငံကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီမှုရဖို့နဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးတဲ့ သဘောတူညီမှုတွေ ရအောင် တိုက်တွန်းမယ်လို့ မျှော်လင့်ရပါတယ်။

ဂျာမနီဝန်ကြီးချုပ်နဲ့အတူ ဂျာမနီစီးပွားရေး လုပ်ငန်းဆိုင်ရာကိုယ်စားလှယ် အများအပြားလည်း အိန္ဒိယနိုင်ငံခရီးစဉ်မှာ ပါသွားပါတယ်။ EU ဥရောပနိုင်ငံတွေက တရုတ်နဲ့ ခပ်ခွာခွာနေဖို့ ကြိုးစားနေတာနဲ့အတူ ဂျာမနီကလည်း တခြားနိုင်ငံတွေနဲ့ စီးပွားဆက်ခံရေးကို ပိုပြီးကျယ်ပြန့်အောင်လုပ်ဖို့ ကြိုးစားနေပုံရပါတယ်။

XS
SM
MD
LG