သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသသုံး ဒုံးကျည် အိန္ဒိယ ပစ်လွှတ်စမ်းသပ်


အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရုပ်မြင်သံကြားကနေ နိုင်ငံကိုပြောတဲ့ မိန့်ခွန်းကို အရောင်းဝန်ထမ်းတဦး ကြည့်နေစဉ် (မတ်၊ ၂၇၊ ၂၀၁၉)
အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရုပ်မြင်သံကြားကနေ နိုင်ငံကိုပြောတဲ့ မိန့်ခွန်းကို အရောင်းဝန်ထမ်းတဦး ကြည့်နေစဉ် (မတ်၊ ၂၇၊ ၂၀၁၉)

အိန္ဒိယနိုင်ငံက ဂြိုလ်တုဖျက် မစ်ဇိုင်းဒုံး တစင်းကို အာကာသထဲမှာ အောင်မြင်စွာ စမ်းသပ် ပစ်ချနိုင်ခဲ့တဲ့အတွက် ဒါဟာ အာကာသဆိုင်ရာ အစီအစဉ်တွေထဲက အောင်မြင်မှုကြီး တရပ် ဖြစ်တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။

ကမ္ဘာ့လေထု အပေါ်ဘက် ကီလိုမီတာ ၃၀၀ အကွာ ကမ္ဘာ ပတ်လမ်းကြောင်းထဲက ဂြိုလ်တု တစင်းကို သိပ္ပံပညာရှင်တွေ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ရုပ်မြင်သံကြားကနေ နိုင်ငံကိုပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားတာပါ။

အိန္ဒိယနိုင်ငံဟာ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့လိုပဲ အိန္ဒိယဟာလည်း အာကာသမှာ သြဇာကြီးလာတဲ့ နိုင်ငံတခု ဖြစ်သွားပြီလို့လည်း ဝန်ကြီးချုပ် မိုဒီ က ပြောပါတယ်။

အာကာသခေတ် အစောပိုင်း ကာလတွေမှာ အမေရိကန်နိုင်ငံနဲ့ အရင်က ဆိုဗီယက် ယူနီယံတို့ကသာ ဂြိုလ်တုထဲမှာ စမ်းသပ်မှုတွေ လုပ်နိုင်ခဲ့တာပါ။ ၁၉၈၅ ခုနှစ်မှာ အမေရိကန် နိုင်ငံက ဂြိုလ်တု တစင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ပြီး တရုတ်ကတော့ ၂၀၀၇ ခုနှစ်မှာ အောင်မြင်မှု ရခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စမ်းသပ်ခဲ့တဲ့ ဒီလုပ်ရပ်က နိုင်ငံတကာ သဘောတူညီမှု တခုတလေကိုမှ ချိုးဖောက်ခဲ့တာ မရှိဘူးလို့ ဝန်ကြီးချုပ် မိုဒီ က ပြောပါတယ်။ ဒီစမ်းသပ်မှုဟာ နိုင်ငံတော် လုံခြုံရေး သက်သက်အတွက် ရည်ရွယ်ပြီး လုပ်ကိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG