သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်ခြမ်း တိုက်ပွဲတွေကြောင့် အိန္ဒိယနယ်စပ် တွင်အင်အားတိုးဖြည့်


အိန္ဒိယ မြန်မာနယ်စပ်မှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အိန္ဒိယဘက်ခြမ်းက မီဇိုရမ် ကျေးရွာတွေမှာ အိန္ဒိယတပ်တွေကို စေလွှတ် ချထားလိုက်ကြောင်း ကြာသပတေးနေ့က အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ မီဇီုရမ်ပြည်နယ်တောင်ပိုင်းက Lawngtlai ဒေသကို ရဲနဲ့ တာဝန်ခံအရာရှိတချို့ကို ကြာသပတေးနေ့က စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသက Vathuampui ရွာမှာတော့ အိန္ဒိယစစ်တပ်က ဗုဒ္ဓဟူးနေ့က ရွာသားတွေကို စုဝေးစေပြီး အန္တရာယ်ရှိနိုင်တဲ့ နယ်စပ်ဒေသကို မသွားကြဖို့ ပြောကြားခဲ့သလို အခမဲ့ ဆေးကုသရေးစခန်းတခုကို ဖွင့်လှစ်ဖို့ လုပ်ဆောင်နေပါတယ်။

မြန်မာဘက်ခြမ်းမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားတဲ့သတင်းကြောင့် အာသံရိုင်ဖယ်တပ်နဲ့ အာသံ Regiment ကိုပါ ပြည်ထဲရေးဌာနက ထပ်ပြီးစေလွှတ်ခဲ့တယ် လို့လည်း ဖေါ်ပြထားပါတယ်။

တချိန်ထဲမှာပဲ မီဇိုရမ်အပါအဝင် အိန္ဒိယ အရှေ့မြောက်ပိုင်းက ပြည်နယ် ၅ ခုမှာရှိတဲ့ အာသံရိုင်ဖယ်တပ်တွေ အတွက် အစိုးရက လုပ်ပိုင်ခွင့် ပိုပေးလိုက်ပါတယ်။ အိန္ဒိယ မြန်မာ နယ်စပ်ဒေသ စောင့်ကြည့်ဖို့နဲ့ အရှေ့မြောက်ပိုင်းဒေသတွင်း သောင်းကျန်းသူခြေမှုန်းရေးအတွက် စစ်ဆင်ရေးတွေ လုပ်ဆောင်ရာမှာ သူတို့ကို ဝရမ်းမပါပဲ ရှာဖွေခွင့်နဲ့ ဖမ်းဆီးခွင့်တွေ အိန္ဒိယ ဗဟိုအစိုးရက သူတို့ကို ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီဒေသ ၅ ခုကတော့ အာသံ၊ Arunachal Pradesh ၊ မဏီပူ၊ Nagaland နဲ့ မီဇိုရမ်ပြည်နယ်တွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG