သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇနီးမယားကို ချက်ချင်းကွာရှင်းနိုင်တဲ့ မွတ်စလင်ကျင့်ထုံး အိန္ဒိယ ပိတ်ပင်


FILE - Indian Muslim women talk while walking through a market in Ahmadabad, India, Dec. 29, 2017.
FILE - Indian Muslim women talk while walking through a market in Ahmadabad, India, Dec. 29, 2017.

အိန္ဒိယနိုင်ငံမှာ မွတ်စလင်အမျိုးသားတွေ အနေနဲ့ အိမ်ထောင်ဖက်ကို ရုတ်တရက်ကွာရှင်းနိုင်တဲ့ ဓလေ့ကို ဟန့်တားမယ့် ဗဟိုတရားရုံးရဲ့ စီရင်ထုံး တရပ်ကို Narendra Modi အစိုးရက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။

အာရပ်ဘာသာ စကားနဲ့ Talaq လို့ ၃ ကြိမ်ပြောရုံနဲ့ အမျိုးသားတွေက ကွာရှင်းနိုင်တယ် ဆိုပြီး ခွင့်ပြုထားတဲ့ ဓလေ့ကို ဟန့်တားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဓလေ့ဟာ မူစလင်အမျိုးသမီးတွေရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ရပိုင်ခွင့်ကို ချိုးဖေါက်ခြင်း ဖြစ်တယ်လို့ အိန္ဒိယ တရားရုံးတော်က ဆုံးဖြတ်ခဲ့ပေမယ့် ပါလီမန်က တနှစ်အကြာမှာ အတည်မပြုနိုင် ဖြစ်ခဲ့ပြီးတဲ့နောက် အစိုးရက အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ရှိတဲ့ သန်းပေါင်း ၁၇၀ သော Suni မွတ်စလင်တွေဟာ မိသားစု ပြဿနာနဲ့ အငြင်းပွါးမှုတွေကို ဒီမူစလင် ဥပဒေအရ ဖြေရှင်းနေ ကြတာ ဖြစ်ပါတယ်။ ဒီမူစလင် ဥပဒေအရ Talaq ၃ ကြိမ်ပြောခြင်းကို လူကိုယ်တိုင် ပြောစရာမလိုပဲ တယ်လီဖုံးနဲ့ဖြစ်စေ၊ Text မက်ဆေ့ချ် ဖြစ်စေ၊ လူမှုကွန်ယက် မီဒီယာ တမျိုးမျိုးကို သုံးပြီးပြောဆိုနိုင်တာ ဖြစ်ပါတယ်။

အစိုးရက ဒီအမိန့်ကို ပါလီမန်က အတည်ပြုပေးဖို့ရာ နောက်ထပ် အချိန် ၆ လ ထပ် ပေးထားပေမယ့် ဒီကာလအတွင်း ချိုးဖေါက်မှုရှိခဲ့ရင်တော့ အခု ချမှတ်တဲ့ အစိုးရအမိန့်အရ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ပြီး အရေးယူပိုင်ခွင့်ရှိနေတာပါ။

ဒီဓလေ့ကို အိမ်နီးချင်း ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံ လောက်မှာ တားမြစ်ထားပြီး ဖြစ်တယ်လို့လည်း အိန္ဒိယ တရားရေး ဝန်ကြီး Ravi Shankar Prasad က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG