သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BlackBerry ဖုန်းတွေ ပိတ်ပစ်မယ်လို့ အိန္ဒိယ သတိပေး


BlackBerry မိုဘုန်းဖုန်း ထုတ်လုပ်သူတွေ အနေနဲ့ အခုလကုန်ပိုင်းမှာ အီးမေးလ် အပါအဝင် လက်ကိုင်ဖုန်းက တဆင့် ချက်ချင်း စာသားပို့တာတွေကို ဝင်ရောက် ကြည့်ရှုခွင့် ပြုရင်ပြု၊ မပြုရင် လုပ်ငန်းလုပ်ပိုင်ခွင့် ရပ်ဆိုင်းခံရမယ်လို့ အိန္ဒိယ အာဏာပိုင်တွေက သတိပေး ပြောကြားလိုက်ပါတယ်။

အိန္ဒိယ အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို BlackBerry ဖုန်း ထုတ်လုပ်သူတွေ အနေနဲ့ လိုက်လျောခြင်း မရှိရင် ကုမ္ပဏီရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို ရပ်ဆိုင်းပစ်မယ်လို့ အစိုးရပိုင် ဆက်သွယ်ရေး ကုမ္ပဏီတွေ ကြာသပတေးနေ့က တွေ့ဆုံ စည်းဝေးခဲ့ကြ အပြီးမှာ အခုလို ကြေညာချက် ထွက်လာတာပါ။

BlackBerry ဖုန်း ထုတ်လုပ်တဲ့ Research In Motion ကုမ္ပဏီအနေနဲ့ Encrypted Message လို့ခေါ်တဲ့ မူရင်းကို ပုံဖျက်ပြီးပို့တဲ့ စာသားတွေကို ဝင်ရောက် ကြည့်ရှုခွင့်ပြုဖို့ သြဂုတ်လ ၃၁ ရက်နေ့ကို နောက်ဆုံး သတ်မှတ်ပေးထားပါတယ်။

ကုမ္ပဏီအနေနဲ့ အဲဒီလိုမှ ခွင့်မပြုဘူး ဆိုရင်တော့ အီးမေးလ်နဲ့ လက်ကိုင်ဖုန်းကတဆင့် တိုက်ရိုက် စာသားပို့တဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခံရမှုနဲ့ တရားဥပဒေအရ ရင်ဆိုင်ရနိုင်တယ်လို့ အိန္ဒိယ ဆက်သွယ်ရေး ကုမ္ပဏီတွေက ပြောပါတယ်။

BlackBerry ဖုန်းမှာ အသုံးပြုတဲ့ နည်းပညာတွေဟာ လုံခြုံရေး တပ်ဖွဲ့တွေ ဝင်ရောက်ကြည့်ရှုလို့ မရနိုင်တဲ့ နည်းပညာတွေဖြစ်ပြီး အကြမ်းဖက်သမားတွေက ဒီဖုန်းတွေကို အသုံးပြုနိုင်တယ်လို့ စိုးရိမ်နေကြတာပါ။

၂၀၀၈ ခုနှစ်က မွန်ဘိုင်းမြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြတဲ့ အကြမ်းဖက်သမားတွေဟာ မိုဘိုင်းလ်နဲ့ ဆက်သွယ်ရေး ဂြိုဟ်တုကတဆင့် ဆက်သွယ်တဲ့ Satellite ဖုန်းတွေကို အသုံးပြုခဲ့ကြတာလို့ ဆိုပါတယ်။

XS
SM
MD
LG