သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်းမြို့ ဆက်တိုက်ဗုံးကွဲ၊ ၂၀ ကျော် သေ


မွမ်ဘိုင်းမြို့ ဆက်တိုက်ဗုံးကွဲ၊ ၂၀ ကျော် သေ
မွမ်ဘိုင်းမြို့ ဆက်တိုက်ဗုံးကွဲ၊ ၂၀ ကျော် သေ

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာငွေကြေးမြို့တော် မွမ်ဘိုင်းမှာ ဗုဒ္ဓဟူးနေ့က ၃ ကြိမ်ဆက်တိုက် ဗုံးပေါက်ကွဲတာကြောင့် လူ ၂၁ ယောက်ထက် မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသွားပါတယ်။

ညနေပိုင်း ရုံးတက် ရုံးဆင်းချိန်အတွင်း မြို့တော်ရဲ့ လူသွားလူလာ စည်ကားတဲ့ နေရာတွေမှာ တခုနဲ့တခု မိနစ် ၂၀ စီလောက်ပဲ ခြားပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဗုံး ၂ လုံးက မွမ်ဘိုင်းမြို့ရဲ့ တောင်ဘက်နဲ့ တလုံးက မြို့လယ်ခေါင်မှာ ပေါက်ကွဲခဲ့တာပါ။

ဘယ်သူကမှ သူတို့လက်ချက် ဖြစ်တယ်လို့ မပြောသေးပေမဲ့ တခုနဲ့တခု အချိန်ကိုက်ပြီး ဖြစ်ခဲ့တာကြောင့် ဒီဖောက်ခွဲမှုတွေဟာ ဟန်ချက်ညီ ချိတ်ဆက် ညှိနှိုင်းပြီးလုပ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ပီ-ချိုင်ဒမ်မ်ဘာရမ်မ် (P. Chidambaram) က ပြောပါတယ်။

မွမ်ဘိုင်းမြို့နေလူထု အပါအဝင် တနိုင်ငံလုံးကလူတွေ အနေနဲ့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့နဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ မစ္စတာ ချိုင်ဒမ်မ်ဘာရမ်မ်ဟာ ကြာသပတေးနေ့မှာ မွမ်ဘိုင်းမြို့ကို သွားမှာဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ လုံခြုံရေး တင်းကျပ်ဖို့ကိုလည်း ပြည်ထဲရေးဝန်ကြီးက အမိန့်ထုတ်ထားပါတယ်။

လက်လုပ် ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ ပေါက်ကွဲမှု ၂ ခုဟာ မော်တော်ကားတွေမှာ ဗုံးတွေဆင်ပြီးတော့ ဖောက်ခွဲခဲ့တာဖြစ်ပြီး နောက်တခုကတော့ ကြော်ငြာဆိုင်းဘုတ်ကြီးပေါ်က လျှပ်စစ်မီတာသေတ္တာ အပေါ်ဘက်မှာ ဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီဖောက်ခွဲမှုတွေကို ပါကစ္စတန် အစိုးရကရော အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) ကပါ ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။

XS
SM
MD
LG