သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဗုံး လူ ၅ ဦးထက်မနည်း သေဆုံး


Panta မြို့ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူအား သယ်ဆောင်လာစဉ်။ (အောက်တိုဘာ ၂၇၊ ၂၀၁၃)
Panta မြို့ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူအား သယ်ဆောင်လာစဉ်။ (အောက်တိုဘာ ၂၇၊ ၂၀၁၃)
အိန္ဒိယနိုင်ငံအရှေ့ပိုင်းပြည်နယ် မြို့တော်တစ်ခုမှာ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ခဲ့လို့ လူ ၅ ဦးထက်မနည်း သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရထားတယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။

ဗုံးဖောက်ခွဲမှုတချို့က ဝန်ကြီးချုပ်ရာထူးအတွက် ယှဉ်ပြိုင်မယ့် အဓိက အတိုက်အခံ BJP ပါတီကိုယ်စားလှယ် Narendra Modi မဲဆွယ် လူထု စုဝေးပွဲကို တိုက်ခိုက်တာ ဖြစ်ပုံရတယ်လို့ Bihar ပြည်နယ် အကြီးအကဲ Nitish Kumar ကပြောဆိုပါတယ်။ Bihar ပြည်နယ် မြို့တော် Patna မြို့တလွှား တနင်္ဂနွေနေ့က ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီး အတိုက်အခံ BJP ပါတီကိုယ်စားလှယ် လူထုကို မိန့်ခွန်း မပြောခင်အချိန်လေးမှာပဲ ခုလိုပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

လူထုစုဝေးပွဲအတွက် လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားချိန်မှာ ဗုံး ဆက်တိုက်ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ကြိုတင် သတင်းအချက်အလက် ဘာမှ မရခဲ့ဘူးလို့ Bihar ပြည်နယ် အကြီးအကဲ Nitish Kumar ကပြောဆိုပါတယ်။

၂၀၁၄ မေလမှာ ကျင်းပမယ့် အိန္ဒယနိုင်ငံရွေးကောက်ပွဲမှာယှဉ်ပြိုင်မယ့် ဟိန္ဒူ အမျိုးသား BJP ပါတီ ကစီစဉ်တဲ့ လူထုစည်းဝေးပွဲအတွက် Patna မြို့မှာ လူထု ထောင်နဲ့ချီရောက်နေချိန်မှာ ခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ လူထုစည်းဝေးပွဲကိုတော့ နဂိုရ်သတ်မှတ်ထားတဲ့အတိုင်း ပြုလုပ်ကျင်းပခဲ့ပါတယ်။
XS
SM
MD
LG