သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ၅ ထပ်တိုက်ပြို၊ လူ ၄၀ ကျော် သေဆုံး


အိန္ဒိယ ၅ ထပ်တိုက်ပြို၊ လူ ၄၀ ကျော် သေဆုံး

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လူနေတိုက်တလုံး ပြိုကျတဲ့အတွက် အနည်းဆုံး လူ ၂၃ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရသွားတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

အထပ်ပေါင်းများစွာရှိတဲ့ အဲဒီတိုက်ဟာ တနင်္လာနေ့ညက ပြိုကျသွားခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

အပျက်အစီးတွေကြားမှာ ပိတ်မိပြီး အသက်ရှင် ကျန်နေတဲ့ သူတွေကို ကယ်ဆယ်ရေး အလုပ်သမားတွေက အမြန်ဆုံး ကယ်တင်နိုင်ဖို့ လုပ်ဆောင်နေတာတွေကို ရုပ်မြင်သံကြားမှာ ပြသထားပါတယ်။

အာဏာပိုင်တွေကတော့ အပျက်အစီးတွေ ကြားထဲမှာ ပိတ်မိနေတဲ့သူ အတော်များများ ရှိနိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

ဘာကြောင့် ပြိုကျခဲ့တယ် ဆိုတာကိုတော့ ချက်ချင်း ထုတ်ပြန် ပြောဆိုတာမျိုး မရှိသေးပါဘူး။

XS
SM
MD
LG