သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဘတ်စ်ကား မတော်တဆဖြစ်မှု လူ ၃၀ကျော်သေဆုံး


အိန္ဒိယ Rajasthan ပြည်နယ် Banas မြစ်ထဲ ထိုးဆင်းသွားတဲ့ ဘတ်စကားတစင်း
အိန္ဒိယ Rajasthan ပြည်နယ် Banas မြစ်ထဲ ထိုးဆင်းသွားတဲ့ ဘတ်စကားတစင်း

အိန္ဒိယနိုင်ငံ Rajasthan ပြည်နယ်မှာ ခရီးသည်တင် ဘတ်စ်ကားတစီး စနေနေ့က မြစ်ထဲ ထိုးဆင်းသွားတာကြောင့် လူအနည်းဆုံး (၃၂)ဦး သေဆုံးသွားပါတယ်။ အရှိန်နဲ့မောင်းလာတဲ့ အဆိုပါ ဘတ်စ်ကားဟာ မြစ်ကူးတံတားကိုဖြတ်စဉ် အခြားကားတစီးကို ကျော်တက်ရာက အရှိန်လွန်ပြီး မြစ်ထဲ ထိုးဆင်းသွားတာဖြစ်တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေက ပြောပါတယ်။

အခုချိန်ထိ သေဆုံးသူအလောင်း (၃၂)လောင်းကို မြစ်ထဲကနေ ရှာဖွေတွေ့ထားတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး နောက်ထပ်ခရီးသည်(၁၀)ဦး ဒဏ်ရာရသွားပါတယ်။ ကားဒရိုင်ဘာ အသက်ရှင်ကျန်ရစ်သလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကမ္ဘာပေါ်က လူသေကြေမှု အဖြစ်ဆုံး လမ်းတွေထဲမှာ အိန္ဒိယနိုင်ငံက လမ်းတွေလည်း ပါဝင်ပြီး၊ နှစ်စဉ် လူ ၁သိန်းကျော်ကနေ ၁ သိန်းခွဲ လောက်အထိ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG