သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဆေးရုံကလေးဆောင် အောက်စီဂျင်ပြတ်လပ်မှု ကလေး ၆၀ ကျော်သေဆုံး


အိန္ဒိယကလေးဆေးရုံတစ်ခုက ကလေးလူနာ (ဧပြီ ၂၀၁၇)
အိန္ဒိယကလေးဆေးရုံတစ်ခုက ကလေးလူနာ (ဧပြီ ၂၀၁၇)

အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဆေးရုံးရဲ့ ကလေးကုသရေးအဆောင်မှာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကလေး အများအပြားသေဆုံးခဲ့ပါတယ်။ ေေ သြဂုတ်လ ၇ ရက်နေ့ကစပြီး ကလေး ၃၅ ယောက်ကနေ ၆၀ ကျော်အထိ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဆေးရုံးရဲ့ ကလေးကုသရေးအဆောင်မှာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကလေး အများအပြားသေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ ကလေးတွေရဲ့ မိဘတွေနဲ့ အိန္ဒိယအစိုးရအဖွဲ့ဝန်ကြီးတွေ နဲ့ ဒေသခံပြည်နယ်အစိုးရဝန်ကြီးတွေရဲ့ အဆိုအရ၊ သြဂုတ်လ ၇ ရက်နေ့ကစပြီး ကလေး ၃၅ ယောက်ကနေ ၆၀ ကျော်အထိ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အူတာပရာဒက်ရှ်ပြည်နယ် Gorakhpur မြို့က Baba Raghav Das ဆေးတက္ကသိုလ် ဆေးရုံမှာ - စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေပါတယ်။

သေဆုံးမှုဟာ သာမန်သေဆုံးမှုဖြစ်ပြီး၊ ဆေးရုံးမှာ အောက်ဆီဂျင် ပြတ်သွားတာကြောင့်မဟုတ်ဘူးလို့ ခရိုင်ရာဇဝတ်တရားသူကြီး Rajiv Rautela က စနေနေ့မှာ ပြောပါတယ်။

ဒါပေမဲ့ ပြည်နယ်ကျန်းမာရေးဝန်ကြီး Prashant Tivedi ကတော့ အောက်ဆီဂျင်ပိုက်လိုင်းမှာ ပြဿနာ ရှိခဲ့ပြီး၊ ဒါပေမဲ့ လူနာတွေအတွက်တော့ ဆေးရုံမှာ အောက်ဆီဂျင်ဗူးတွေအလုံအလောက်ရှိတယ်လို့ AP သတင်းဌာနကို ပြောပါတယ်။

အိန္ဒိယလွှတ်တော်ရဲ့ ပြောခွင့်ရ Manish Tiwari ကတော့ အူတာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် Yogi Adityanath နဲ့ ကျန်းမာရေးဝန်ကြီး Nath Singh တို့ကို ရာထူးကနေ ချက်ချင်း နုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယဆေးရုံကလေးဆောင် အောက်စီဂျင်ပြတ်လပ်မှု ကလေး ၆၀ ကျော်သေဆုံး
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG