သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် - အိန္ဒိယနယ်စပ် ငြိမ်းချမ်းရေး ကော်မီတီဖွဲ့


တရုတ် - အိန္ဒိယနယ်စပ် ငြိမ်းချမ်းရေး ကော်မီတီဖွဲ့
တရုတ် - အိန္ဒိယနယ်စပ် ငြိမ်းချမ်းရေး ကော်မီတီဖွဲ့

အချေအတင် ဖြစ်နေတဲ့ ဟိမဝန္တာ နယ်ခြားဒေသမှာ ပဋိပက္ခတွေ ပေါ်ပေါက်မလာအောင် တားဆီးသွားဖို့နဲ့ ငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်သွားကြဖို့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကြား သဘောတူလိုက်ကြပါတယ်။ နယ်စပ်ဒေသရေးရာ စီမံခန့်ခွဲရေး ကော်မီတီတရပ် ဖွဲ့စည်းဖို့ အိန္ဒိယရဲ့ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး
S Jaishankar နဲ့ တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Liu Zhenmin တို့ နယူးဒေလီမြို့တော်မှာ လက်မှတ် ရေးထိုးလိုက်ကြတာပါ။

သဘောတူညီချက်ထဲမှာတော့ ၂ နိုင်ငံစလုံးက နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနဲ့ ပြဿနာတွေ ပေါ်ပေါက်တဲ့အခါ အချိန်မီ ဆက်သွယ်သွားကြဖို့ ကြိုးပမ်းရမယ့် အစီအစဉ်တွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ကော်မီတီအသစ် အနေနဲ့ ၁ နှစ်ကို ၁ ကြိမ်၊ ဒါမှမဟုတ် ၂ ကြိမ် တွေ့ဆုံသွားကြမှာပါ။ အိန္ဒိယနဲ့ တရုတ် ၂ နိုင်ငံ အစိုးရ တာဝန်ရှိသူတွေ ရက်အတော်ကြာ ဆွေးနွေးခဲ့ကြအပြီး အင်္ဂါနေ့မှာပဲ သဘောတူညီချက် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ စီးပွားရေး အရှိန်အဟုန် ကြီးထွားလာနေတဲ့ တိုင်းပြည် ၂ ခုအဖြစ် တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေ ကြားမှာတော့ မဖြေရှင်းနိုင်သေးတဲ့ နယ်စပ် အငြင်းပွားမှု ကိစ္စအပါအဝင် သမိုင်းနဲ့ချီတဲ့ ကွဲလွဲချက်တွေ အများအပြား ရှိနေတာပါ။

၁၉၆၂ ခုနှစ်မှာ တုန်းကဆိုရင်လည်း အချိန်ကာလအားဖြင့် တိုတောင်းပေမဲ့ အသေအပျောက်တွေ ရှိခဲ့တဲ့အထိ ၂ နိုင်ငံကြား စစ်မက် ဖြစ်ပွားခဲ့ဖူးပါတယ်။

XS
SM
MD
LG