သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ အာသံနယ်မှာ လူ ၂ သန်း နိုင်ငံမဲ့ဖြစ်မယ့်ကိန်းဆိုက်


အာသံပြည်နယ် ကျေးရွာတရွာတွင် ထုတ်ပြန်လိုက်သည့် လူဦးရေစာရင်းထဲ နာမည်ပါ မပါ ကြည့်ရန် တန်းစီနေသူများ။ (သြဂုတ် ၃၁၊ ၂၀၁၉)
အာသံပြည်နယ် ကျေးရွာတရွာတွင် ထုတ်ပြန်လိုက်သည့် လူဦးရေစာရင်းထဲ နာမည်ပါ မပါ ကြည့်ရန် တန်းစီနေသူများ။ (သြဂုတ် ၃၁၊ ၂၀၁၉)

အိန္ဒိယနိုင်ငံထဲမှာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်နေထိုင်သူတွေကို ဖြည်းဖြည်းချင်း စိစစ်နေတဲ့ အစိုးရရဲ့ လုပ်ငန်းစဉ်တွေကြောင့် နိုင်ငံအရှေ့မြောက်ပိုင်း၊ အာသံပြည်နယ်က လူပေါင်း ၂ သန်းလောက်ဟာ နိုင်ငံမဲ့ဖြစ်တော့မယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အစိုးရက ဒီကနေ့ စနေနေ့မှာ ထုတ်ပြန်လိုက်တဲ့ လူဦးရေစာရင်းထဲမှာ သူတို့နာမည်တွေ ပါမလာပါဘူး။

ခုလို အစိုးရကထုတ်ပြန်တဲ့ စာရင်းထဲမှာ နာမည်ပါမလာတဲ့လူတွေ အနေနဲ့ နိုင်ငံသားအဖြစ်ကနေ ဖယ်ရှားခံရမယ့် အလားအလာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ခုလို နာမည်ပါမလာတဲ့လူတွေကို နိုင်ငံသားဟုတ်မဟုတ် စစ်ဆေးတဲ့ အထူးခုံရုံးမတင်ခင် အိန္ဒိယနိုင်ငံသားဖြစ်ကြောင်း သက်သေပြဖို့ အခွင့်အရေး ရမှာပါလို့ ပြည်နယ်အစိုးရက ပြောပါတယ်။

ဒါပေမယ့်လည်း အဲဒီလူအများစုက ဆင်းရဲပြီး ဘေးဖယ်ခံထားရတာကြောင့် တရားရေးရာကိစ္စတွေမှာ အခက်အခဲ အတော်များများနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း ပြောပါတယ်။

နိုင်ငံသားစိစစ်တဲ့ ဒီလုပ်ငန်းစဉ်ကို လွန်ခဲ့တဲ့ ၄ နှစ်လောက်က စတင်ခဲ့တာဖြစ်ပြီး လူဦးရေ ၃၃ သန်းရှိတဲ့ အာသံပြည်နယ်တွင်းကလူတွေအနေနဲ့ ၁၉၇၁ ခုနှစ် မတိုင်ခင်ကတည်းက နေထိုင်ခဲ့သူတွေဖြစ်ကြောင်း စာရွက်အထောက်အထားတွေကို တင်ပြကြရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG