သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Kashmir ရောက် ရိုဟင်ဂျာတွေ အိန္ဒိယစာရင်းကောက်


အိန္ဒိယ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ

အိန္ဒိယထိန်းချုပ်မှုအောက်မှာရှိတဲ့ Kashmir ကက်ရှ်မီးယားဒေသမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေကို စိစစ်မှုတွေကို ဒီဇင်ဘာလ ၅ ရက်နေ့အထိ အိန္ဒိယ အာဏာပိုင်တွေ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

၂ လအတွင်း ရိုဟင်ဂျာတွေရဲ့ လက်ဗွေနဲ့ တခြား ကိုယ်ရေးအချက်အလက်တွေ ကောက်ခံဖို့ အစိုးရက တောင်းဆိုတဲ့အတွက် ဒေသခံ အာဏာပိုင်တွေဘက်က အဲဒီလို ကောက်ခံနေတာလည်း ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းအတွင်း အာဏာပိုင်တွေ ရောက်သွားတဲ့အချိန်မှာ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ထုတ်ပေးထားတဲ့ အထောက်အထား စာရွက်တွေ ကိုင်ပြီး ဒုက္ခသည်တွေက တန်းစီနေခဲ့ကြကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့အနေနဲ့ ဘာကြောင့် အခုလို မှတ်ပုံတင်ရတယ်ဆိုတာ မသိကြောင်း ပြောကြပါတယ်။

လက်ရှိအာဏာရ ဟိန္ဓူအမျိုးသားရေးပါတီ BJP ရဲ့ ၀န်ကြီးချုပ် Narendra Modi က ရိုဟင်ဂျာတွေဟာ တရားမ၀င် ၀င်ရောက်လာသူတွေ ဖြစ်ကြောင်းနဲ့ သူတို့ဟာ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းချောက်မှုဖြစ်ကြောင်း ပြောဆိုထားပြီး ရိုဟင်ဂျာတွေကို စာရင်းကောက်ပြီး ပြန်ပို့ဖို့ ညွန်ကြားထားတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေ ပြန်ပို့ရေး အစီအစဉ်ကိုတော့ မြန်မာဘက်က စတင်တာဖြစ်ပြီး သူတို့ ဘယ်သူ ဖြစ်တယ်ဆိုတာကို မြန်မာဘက်က စိစစ်ပြီးတဲ့နောက်မှာ ပြန်ပို့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာတွေကို အဓမ္မ နေရပ်ပြန်ပို့ခြင်းဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

XS
SM
MD
LG